#Local_News
Published 21 January 2024


 ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသိန်းခန့် တင်ပို့ရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

 

မြန်မာနိုင်ငံက နှစ်စဉ် ရော်ဘာ တန်ချိန် လေးသိန်း ခန့် ထွက်ရှိသော်လည်း ငွေကြေးမူဝါဒများကြောင့်  ယခင် နှစ်များ က ပြည်ပ သို့ ရော်လာ တစ်ချိန် တစ်သိန်းကျော်သာ တင်ပို့ နိုင်ခဲ့ ကြောင်း သိရသည်။

 

"' ပြီးခဲ့တဲ့နှစ်က မပို့နိုင်တာက ငွေကြေးမူဝါဒကြောင့် ရော်ဘာ Exporter တွေက အရှုံးမှာကျနေတယ်။ တစ်တန်ကို ရှစ်သိန်းလောက်ကနေ ၁၀ သိန်း လောက်ရှုံးနေတဲ့အတွက် မတင်ပို့နိုင်တာ။ အခုတော့အစိုးရကနေ ဖြေလျှော့ပေးပြီးတော့ ဓာတ်မြေသြဇာတင်သွင်းခွင့် ပေးတဲ့အတွက်ကြောင့် Exporter တွေက လုပ်သာကိုင်သာရှိတဲ့ ဈေးနှုန်းလေးရောက်လာလို့ ပို့နိုင်တာပေါ့”ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း မှ တာဝန်ရှိသူက ပြောသည်။

 

  ရော်ဘာတင်ပို့မှုအနေဖြင့် ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့နေပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ဂျပန် စသည့်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းလည်း သိရသည်။

 

ရော်ဘာကို မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုး ဧက ၁ သန်း ၆ သိန်း ၄ သောင်း၊ ထုတ်လုပ်မှုဧဏ ကိုးသိန်းခွဲခန့်ရှိကြောင်းသိရသည်။

 

ရော်ဘာ ကို မွန်ပြည်နယ်တွင် အများဆုံးထွက်ရှိကာ တနင်္သာရီတိုင်းဒေသကြီးမှ ဒုတိယအများဆုံးနှင့် ကရင်ပြည်နယ်မှ တတိယအများဆုံးထွက်ရှိကြောင်း သိရသည်။

 

#YMG/LWb #Yangon_Times