#Local_News
Published 21January 2024


လာမည့် ဘောလုံးရာသီ၌ ရှမ်းယူနိုက်တက်အသင်းနှင့်  တိုက်စစ်မှူး 'စအောင်ပြည့်ကို'တစ်ကျော့ပြန်ပြန်လည်လက်တွဲမည်ဖြစ်ကြောင်းရှမ်းယူနိုက်တက်အသင်းမှသိရသည်။

 

ယခု၂၀၂၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီအတွက် ကစားသမားအချို့ အသင်းပြောင်းလဲ ကစားမှုများလည်းရှိနေရာရှမ်းယူနိုက်တက်အသင်းသည်  တိုက်စစ်မှူး 'စအောင်ပြည့်ကို' အားလာမည့် ဘောလုံးရာသီအတွက်အား နှစ်နှစ်စာချုပ်ဖြင့် ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။

 

'စအောင်ပြည့်ကို'သည် ရန်ကုန်ယူနိုက်တက်အသင်းနှင့် တစ်နှစ်ခွဲကြာ ကစားခဲ့ပြီးနောက် မိခင်အသင်းဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


၄သည် ရှမ်းယူနိုက်တက်အသင်း၌ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ် ရာသီဝက်အထိ ကစားခဲ့ဖူးသူတစ်ဦးလည်းဖြစ်ကာ ၊ ယခု လာမည့်ဘောလုံးရာသီအတွက်အသင်းနှင့် တစ်ကျော့ပြန် လက်တွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် စအောင်ပြည့်ကို အနေဖြင့် အသင်းနှင့် လေ့ကျင့်ကစားမှုများ ပြုလုပ်လျက်ရှိပြီး ၄သည် အသက် (၂၆) နှစ်အရွှယ် တိုက်စစ်မှုးတစ်ဦးဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းအနေဖြင့် လာမည့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီအတွက် စအောင်ပြည့်ကို အပါအဝင် လူငယ်ခြေတက်အချို့ကို ခေါ်ယူအားဖြည့်လျက်ရှိကြောင်းသိရသည်။

 

#Local_News #ရှမ်းယူနိုက်တက်အသင်း # 'စအောင်ပြည့်ကို'တစ်ကျော့ပြန်လည်လက်တွဲ
#YMG/LW #Yangon-Times