'ကရင်ဒုံးအက(ဒုံးယိမ်းအက)ကလည်း ကရင်ယဉ်ကျေးမှုအမွေအနှစ်‌ပေါ့နော်၊ သူ့ရဲ့သီချင်းတွေကအစ၊ ကကြိုးကကွက်တွေကအစသူ့အဓိပ္ပါယ်နဲ့သူ၊ ကရင်ပြည်နယ်ကနေပဲ ဦးဆောင်ပြီးတော့မှ အသေးစိတ်ပြုစုပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်အောင်တင်တာပေါ့နော်၊ အခုထိတော့တုံ့ပြန်မှုမရှိသေးပါဘူး။ ကရင်တွေအတွက် ဒုံးအက,က မွေးရာပါအကလိုလည်း ဖြစ်နေတာပေါ့လေ။ ဒုံးမှာ ကျား ၁၆ ယောက်၊ မ ၁၆ ယောက်ပါတဲ့ ၃၂ ယောက် ဒုံးနဲ့ ကျား ၁၂ ယောက်၊ မ ၁၂ ယောက်ပါတဲ့ ၂၄ ယောက်ဒုံးတွေက လနဲ့ချီပြီး လေ့ကျင့်ရပါတယ်'
#Local_News
Published_ 20 January 2024
#ကရင်ရိုးရာဒုံးယိမ်းအက #ကမ္ဘာ့အမွေအနှစ်စာရင်းဝင်
#YMG/NN #Yangon_Times