#Local_News
Published-17 January 2024

၂၀၂၃ -၂၄ ဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်အထိ ကိုးလကျော်ကာလအတွင်းပြည်ပနိုင်ငံများသို့ မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၁၀ ဒသမ ၁၁၅ သန်းရရှိခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

ထိုသို့တင်ပို့ရာတွင် မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ နိုင်ငံပိုင်တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာသန်း ၃၀ နီးပါးနှင့် ပုဂ္ဂလိကပိုင် တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာသန်း ၁၈၀ ဒသမ ၅၉၈ သန်း ကျော်ရရှိထားခြင်းဖြစ်သည်။

 

အဆိုပါ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့် မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများမှာ ကျောက်စိမ်း၊ စိန်၊ ရွှေ၊ ပုလဲ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကြေးနီ၊ ငွေ၊ ကျောက်မီးသွေး၊ သွပ်နှင့် အခြားတွင်းထွက်သတ္ထုများပါဝင်ကြောင်း သိရသည်။

 

#Local_News #မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများတင်ပို့မှု #ကန်ဒေါ်လာ၂၁၀ဒသမ၁၁၅သန်းရရှိ #YMG/ NN #Yangon_Times