Published_ 15 January 2024

တောင်အာဖရိကနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Yang Dong-Han သည် တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့၏ နာယကအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိတဲ့ မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေအား ဇန်နဝါရီ ၁၂ ရက်တွင် မြန်မာသံရုံး၌ လာရောက်တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာ၌ မြန်မာသံအမတ်ကြီးက အာရှဒေသသံတမန်များအဖွဲ့၏ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ နစက၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်မှုများ ဖြစ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ပါတယ်။

ထို့အပြင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News