Published 15 January 2024

  ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းတွင် ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် မှ သိရသည်။

ဇန်နဝါရီ လ ၁၅ရက်  နံနက် ၈နာရီ ၁၉မိနစ် ကဖြစ်ပွားခဲ့ ခြင်း ဖြစ်ကာ ယာဉ်တိမ်းမှောက်မှုသတင်းရရှိသဖြင့်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပါ ပါလာသည့် အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News