Published_ 14 January 2024

၂၀၂၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်နိုင်ရေး ဦးစားပေး ဖိတ်ကြားမည့် ရုပ်ရှင်လောကသားများစာရင်းနှင့် အစီအစဉ်များကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်လိုက်ကြောင်းသိရသည်။
 
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ရေး ဖြစ်မြောက်ရေးလုပ်ငန်းကော်မတီတွင်ပါဝင်သော (၁)မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှနာယကကြီးများ၊အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ဗီဒီယိုအခြေခံအဖွဲ့ (ဗဟို)၊ရန်ကုန်တိုင်းဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ ၊

(၂)အကယ်ဒမီရပြီးသူများ(နိုင်ငံတော်မှ ရွှေရင်ထိုးပေးမည်)

(၃)၂၀၂၃ခုနှစ်အတွင်းရုံတင်ပြသခဲ့သော ရုပ်ရှင်ထုတ်လုပ်ရေး၊အနုပညာရှင် ၊အတတ်ပညာရှင်များ (တစ်ကားလျှင်၂၀ဦး စာရင်းတောင်းခံထားပြီးဖြစ်)

(၄)မိတ်ဖက်အဖွဲ့အစည်းများ(‌‌စာပေ၊ဂီတ၊သဘင် အစည်းအရုံးနှင့်ကူညီပံ့ပိုးသူများ)

(၅)လက်ရှိလုပ်ငန်းလုပ်ကိုင်‌နေသောရုပ်ရှင်ရုံပိုင်ရှင်များ၊ရုပ်ရှင်ထုတ်လုပ်ရေးများ၊ရုပ်မြင်သံကြားလိုင်းများနှင့်ဝါရင့်အနုပညာရှင်၊အတတ်ပညာရှင်များ
ပါဝင်မည်ဖြစ်ပြီး ဦးစားပေးဖိတ်ကြားခံရသူများ နာမည်အပြည့်အစုံနှင့်စာရင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထပ်မံမည်ဖြစ်ကြောင်းသိရသည်။

အကယ်ဒမီပေးပွဲတက်ရန်ဦးစားပေးဖိတ်ကြားခံရသူများစာရင်းတွင်မပါဝင်သေးသော အလွှာအသီးသီးမှ အနုပညာရှင် အတတ်ပညာရှင်များ အနေဖြင့် ရုံးအဖွဲ့မှူးထံလျှောက်လွှာပေးပို့ လျှောက်ထားပြီး တက်ရောက်နိုင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
Yangon_Times/tthl
#Local_News
#Published 14 January 2024
#Yangon_Media_Group #YMG_News #Yangon_Times