Published 10 January 2024

ခရီးသွား ဧည့်သည်များ ဦးစားပေးလည်ပတ်သင့်သည့် ခရီးစဉ်ဒေသ (၁၄) ခုတွင်ပါဝင်သည့် ရှမ်းပြည်န
ယ်သို့ ၂၀၂၃ခုနှစ်ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ကာလတူထက် ပိုမိုဝင်ရောက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ရှမ်းပြည်နယ်)မှ သိရသည်။

ရှမ်းပြည်နယ်သို့ ၂၀၂၃ခုနှစ်အတွင်းပြည်တွင်းခရီးသွားဧည့်သည် (၁၄)သိန်းနှင့် ပြည်ပခရီးသွားဧည့်သည် (၆)သောင်းဝန်းကျင် စုစုပေါင်း ခရီးသွားဧည့်သည် (၁၅)သိန်းနီးပါး ဝင်ရောက်ခဲ့ပြီး ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးသွားဧည့်သည်အများစုသည် ကလော၊ အောင်ပန်း၊ပင်းတယ၊ ရွာငံ၊ တောင်ကြီး၊ အင်းလေးအပါဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံနှင့် တာချီလိတ်သို့ သွားရောက်လည်ပတ်ကြပြီး ရှမ်းပြည်နယ်တွင် လိုင်စင်ရဟိုတယ်စုစုပေါင်း ၄၅၀ ကျော်ရှိပြီး ၃၃၇ လုံးဖွင့်လှစ်ထားကာ အခန်းပေါင်း ၁၆၀၀၀ ကျော်ရှိကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News