Published_ 10 January 2024

  မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည် ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာ၌ ကျင်းပခဲ့ပါတယ်။

  နားလည်မှုစာချွန်လွှာများအရ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြိုနယ်ရှိ တိုက်ရံကျေးရွာအနီး ကုန်းမြင့်လယ်ယာ ဘက်စုံသုံးခန်းမ (၆၀ x ၃၀ x ၁၂) ပေ Steel Structure တစ်ထပ်တည်ဆောက်ခြင်း၊ လဟယ်-နန်းယွန်း ၃ မိုင် ၆ ဖာလုံ လမ်းခွဲမှ လောင်ကျန်းနောက်ကုန်း-တိုက်ရံ- လန်ထိန်လမ်းခွဲကြား ပေ ၂၀ နှစ်လွှာ တစ်ထပ် ဘေလီတံတား တစ်စင်းနှင့် (၅ x ၅ x ၂၆) ပေ Box Culvert လေးစင်းတည်ဆောက်ခြင်း စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

  အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာနတိုမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး ဒုတိယအကြီးအကဲ Mr. Ashish Sharma နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။

  ထိုနောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး ဒုတိယအကြီးအကဲ Mr. Ashish Sharma တိုက နားလည်မှုစာချွန်လွှာများကို လက်မှတ် ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြပါတယ်။

  Quick Impact Projects (QIP)သည် စီမံချက်တန်ဖိုးအားဖြင့် စီမံချက်တစ်ခုလျှင် အမေရိကန် ဒေါ်လာ ၅၀၀၀၀ ခွင့်ပြုပေးပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသဖွံဖြိုးရေးနှင့် လူမှုစီးပွားဖွံဖြိုးမှုကို အထောက်အကူဖြစ်စေရန် အိန္ဒိယသမ္မတနိုင်ငံအစိုးရမှ ပံ့ပိုးကူညီ ပေးတာ ဖြစ်ပါတယ်။
Ymg_mnn
#Local_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News