Published 10 January 2024

   ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အန်စာတုံ အမျိုးအစား ကားတစ်စီး  မှ လမ်းလယ်ရေနှုတ်မြောင်းရှိ အုတ်ကန်ကို ဝင်တိုက်မိသဖြင့် ၃ ဦး​ေ-သဆုံးကား ၉ ဦးထိခိုက်ဒဏ်ရာရရှိ ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ ထံ က သိရသည်။

     ဇန်နဝါရီ လ ၉ရက် ညနေ ၆နာရီ ၃၅မိနစ် ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၃၀/၀၁) ဖာလုံကြားတွင် မန္တလေး ဘက်မှ နေပြည်တော်ဘက်သို့၊မောင်းနှင်လာသော၊ King Long (အဖြူရောင်) အန်စာတုံကား သည်၊ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်းမထိန်းဘဲ လမ်းလည်ကျွန်းရှိ ရေနှုတ်မြောင်းပေါက်အုတ်ကန်အားဝင်ရောက်တိုက်မိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့်  ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၂ ဦးအနက် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ အခင်းဖြစ်တဲ့နေရာမှာပင် ​ေ-သဆုံးခဲ့ပြီး အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂ ဦးကတော့ ထိခိုက်ဒဏ်ရာတွေ ရရှိကြောင်း သိရသည်။

  အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များက  ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို  ပလွေးအမြန်လမ်းမီးသတ်ပိုင် လူနာတင်ယာဉ်၊EMS 192အသင်းပိုင် လူနာတင်ယာဉ် ၊လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဉ်တို့ဖြင့် နေပြည်တော်ကုတင်(၁၀၀၀) ပြည့်သူဆေးရုံကြီးသို့ပိုဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News