Published-9 January 2024

သတ်မှတ်ချက်များနှင့်ကိုက်ညီသည့်တစ်နိုင်ငံလုံးရှိဆီစက်လုပ်ငန်းများအား အတိုးနှုန်းသက်သာစွာဖြင့် ကျပ်သိန်း၃၀၀၀အထိထုတ်ချေးပေးမည်ဖြစ်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ၊ စီမံခန့်ခွဲမှုအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသည့် ချေးငွေများ ကို ဆီစက်ပိုင်ရှင်များထံ ထုတ်ချေးသွားမည်ဖြစ်ကာ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံး ရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များအတွက် ထုတ်ချေးပေးနေခြင်းဖြစ်ကာ FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၊ သက်ဆိုင်ရာဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်းဝင် ဆီစက်လုပ်ငန်းရှင်များ ကို ဦးစားပေးစဉ်းစားမည်ဖြစ်ကြောင်း သိရသည် ။

ထိုသို့ထုတ်ချေးရာတွင်လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေအတွက် (Working Capital) အတွက် ချေးငွေ အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀၀ အထိ၊ မတည်ရင်းနှီးငွေ (Fixed Capital) အတွက် ချေးငွေ အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၃၀၀၀ အထိ သတ်မှတ်ထားကြောင်းဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ၊ စီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ ချေးငွေအား အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံး ရင်းနှီးလည်ပတ်ငွေ လိုအပ်ချက်များအတွက် ထုတ်ချေးပေးနေခြင်းဖြစ်ကာ FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၊ သက်ဆိုင်ရာဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့် ဆီစက်လုပ်ငန်းရှင်များအသင်းဝင် ဆီစက်လုပ်ငန်းရှင်များ ကို ဦးစားပေးစဉ်းစားမည်ဖြစ်ကြောင်း သိရသည် ။

လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေပြီး လုပ်ငန်းအမည်ပေါက် လိုင်စင်သက်တမ်းရှိ ဆီစက်ဖြစ်ရမည် ဖြစ်ပြီး ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ပေးအပ်နိုင်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 09 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News