#Local_News
Published 7 January 2024

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနကွပ်ကဲမှုအောက်ရှိ ဈေးများမှ ယာဉ်ဝင်ခ၊သန့်စင်ခန်းဝင်ခ ကောက်ခံခြင်းလုပ်ငန်းများနှင့် ပွဲရုံစခန်းရှိလုပ်ငန်းများအား အငှားချထားရန်အတွက် တင်ဒါအဆိုပြုလွှာများတင်သွင်းနိုင်ပါရန် ဖိတ်ခေါ်နေကြောင်းတင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှသိရသည်။

 

ထိုသို့ခေါ်ယူရာတွင် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၄ခုနှစ် ဧပြီ ၁ရက်မှ ၂၀၂၅ခုနှစ် မတ်လ ၃၁ရက်အထိ မြို့တော်စည်ပင် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနကွပ်ကဲမှုအောက်ရှိ ဈေးများမှ ယာဉ်ဝင်ခ၊ သန့်စင်ခန်းဝင်ခ ကောက်ခံခြင်းလုပ်ငန်းများနှင့် ပွဲရုံစခန်းများရှိလုပ်ငန်းများအား အငှားချထားသွားမည်ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ယာဉ်ဝင်ခ၊ သန့်စင်ခန်းဝင်ခ ကောက်ခံခြင်းလုပ်ငန်းများအတွက် တင်ဒါလျှောက်လွှာများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန၊ မြို့တော်ခန်းမ (ဒုတိယထပ်)နှင့် ပွဲရုံစခန်းရှိလုပ်ငန်းများအတွက်တင်ဒါလျှောက်လွှာများအား ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ(၇)လွှာ၊ ၁၂ထပ်ခွဲရုံး၊ (၄၆)လမ်း၊ဗိုလ်တထောင်မြို့နယ်၌ ဇန်နဝါရီ၁ရက်မှ ၂၂ရက်အထိ ရုံးချိန်အတွင်းရုံးချိန်အတွင်းရောင်းချပေးသွားမည်ဖြစ်ကာ ဇန်နဝါရီ ၂၃ရက်၌ နောက်ဆုံးထား၍ တင်ဒါတင်သွင်းရမည်ဖြစ်ကြောင်းသိရသည်။

 

တင်ဒါစည်းကမ်းနှင့် အ‌သေးစိတ်အချက်အလက်များ သိရှိလိုပါက ရန်ကုန်မြို့‌တော် စည်ပင်သာယာ‌ရေး‌ကော်မတီ၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။

 

#Local_News #ပွဲရုံစခန်းရှိလုပ်ငန်းများအငှားချထား #ယာဉ်ဝင်ခများအပါအဝင်တင်ဒါများစတင်ခေါ်ယူ #YMG/NN #Yangon_Times