#Local_News
Published 7 January 2024


ကိုရီးယားသမ္မတနိုင်ငံရှိ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုပါက ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ကာလသက်တမ်း ထပ်မံတိုးမြှင့် ပြန်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးကထုတ်ပြန်ကြေညာသည်။

 

ယခင်က ၂၀၂၃ဒီဇင်ဘာ လကုန်အထိ သတ်မှတ်ထားရာ ၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီ လကုန်အထိ အချိန် ကာလ ထပ်တိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကာလအတွင်း မိမိဆန္ဒအလျောက်နေရပ်ပြန်မယ့်သူများမှာ  ဒဏ်ကြေးကင်းလွတ်ခွင့်ရရှိမှာဖြစ်ပြီး  ကိုရီးယားနိုင်ငံကို ပြန်လည်ဝင်ရောက်နိုင်မည့် ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေကနေလည်း ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းအစီအစဉ်ဖြင့်  နေရပ်ပြန်လိုသူများမှာ နိုင်ငံကူးလက်မှတ်၊ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုကြောင်း စာရွက်အထောက်အထားနဲ့ လေယာဉ်လက်မှတ်တို့ကို တင်ပြပြီး ကိုရီးယားသမ္မတနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနသို့ လျှောက်ထားနိုင်ကြောင်း  ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

 

အသေးစိတ်အချက်အလက်  သိရှိလိုပါက ကိုရီးယားသမ္မတနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ၁၃၄၅ နဲ့ HiKorea (http://www.hikorea.go.kr)ကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ မြန်မာသံရုံးက အသိပေးထားသည်။

 

#Local_News #နေရပ်ပြန်လိုပါကဒဏ်ကြေးမပေးရ #ဖေဖေါ်ဝါရီလကုန်အထိသက်တမ်းတိုးပေး
#YMG/NN #Yangon_Times