#Local_News
Published 5 January 2024


ဂျပန်နိုင်ငံက အလုပ်ကမ်းလှမ်းစာ (Demand Letter)များကို ယခု ဇန်နဝါရီ လမှစတင်၍ (၁၅)ရက်လျှင်တစ်ကြိမ် သံရုံး၏ လူမှုကွန်ယက်တွင် ဖော်ပြသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ ဇနိနဝါရီ (၅)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

 

ဂျပန်နိုင်ငံရှိ အလုပ်ကမ်းလှမ်းစာကုမ္ပဏီများစာရင်းကို သံရုံးက စိစစ်၍ မှန်ကန်သည့် အလုပ်ခေါ်စာများကို  ယင်းသို့ ဖော်ပြပေးသွားမည်ဖြစ်သည်။

 

ထို့အပြင် ဂျပန်ကုမ္ပဏီများက ပေးပို့သည့် အချက်အလက်များနှင့် စာရွက် စာတမ်းများကိုလည်း သံရုံး၏ ဝက်ဘ်ဆိုက်တွင် ထုတိပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယနေ့ မြန်မာသံရုံးက ထုတ်ပြန်သည့်  ကြေညာချက်အရ ဂျပန်နိုင်ငံက အလုပ်ကမ်းလှမ်းစာ (Demand Letter)များစိစစ်သည့်လုပ်ငန်းစဉ် ပိုမိုမြန်ဆန်စေရန်ယင်းသို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသိပေးထားခြင်းလည်းဖြစ်သည်။

 

ထုတ်ပြန်ကြေညာချက်တွင် အလုပ်သမာဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် မြန်မာသံရုံးသို့ပေးပို့လာသော Demand Letter များကို အချက်အလက်ပေးပို့ရန် ဂျပန်ကုမ္ပဏီတစ်ခုချင်းစီအား /Fax ပေးပို့ခြင်းမပြုတော့ဘဲ သံရုံး၏ လူမှုကွန်ယက်နှင့် ဝက်ဘ်ဆိုက်တို့တွင် တစ်ပတ်လျှင် တစ်ကြိမ်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

သက်ဆိုင်ရာ ဂျပန်ကုမ္ပဏီများကစာတိုက်မှတစ်ဆင့် ပေးပို့လာသော အချက်အလက်များကို သံရုံးကလက်ခံရရှိပါက Demand Letter မှန်ကန်မှုရှိ/မရှိစစ်ဆေးခြင်းများဆောင်ရွက်သွားမည် ဖြစ်သည်။

 

ယင်းသို့ စိစစ်ပြီးမှန်ကန်သည့် ကုမ္ပဏီများစာရင်းကို အလုပ်သမားဝန်ကြီးဌာနသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြန်လည် ပေးပို့ခြင်းနှင့် အဆိုပါစာရင်းများကို (၁၅)ရက်လျှင် တစ်ကြိမ်သံရုံး၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် (၁၅) ရက်လျှင် တစ်ကြိမ်နှုန်းဖြင်ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ရေး သားဖော်ပြထားသည်။

 

#Local_News #ဂျပန်နိုင်ငံ အလုပ်ခေါ်စာ #သံရုံး၏လူမှုကွန်ယက်တွင်ဖော်ပြ #YMG/LW #Yangon_Times