#Local_News
Published_5 January 2024


မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အဆောက်အအုံရှိ စတုတ္ထအလွှာအား (၃)နှစ်တာ ငှားရမ်းရန်အတွက် အိတ်ဖွင့် တင်ဒါခေါ်ယူလိုက်ပြီးဖေဖော်ဝါရီလ၅ရက်ညနေ၄နာရီနောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။


တင်ဒါကြမ်းခင်းဈေးအနေနဲ့ (၁)စတုရန်းပေကို ကျပ်၁၂၅၀ဖြင့်ခေါ်ယူထားပြီး အဆောက်အအုံ၏ အကျယ်အဝန်း သည်(၅၇၀၅.၀၉)စတုရန်းပေကျယ်ဝန်းသည်ဟုဆိုသည်။

 

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အဆောက်အအုံရှိ စတုတ္ထအလွှာအား ပြည်တွင်း၊ပြည်ပလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ပုဂ္ဂလိကတက္ကသိုလ်များနှင့် ဆက်စပ်သင်တန်းဖွင့်လှစ်လိုသည့် အဖွဲ့အစည်းများသို့ (၃)နှစ်တာငှားရမ်းရန်အတွက်အိတ်ဖွင့်တင်ဒါအဆိုပြုလွှာတင်သွင်းရန်ခေါ်ယူထားခြင်းဖြစ်သည်။

 

တင်ဒါအဆိုပြုလွှာတင်သွင်းမှုကို ဖေဖော်ဝါရီလ၅ရက်ညနေ၄နာရီနောက်ဆုံးထားတင်သွင်းရမည်ဖြစ်ပြီး တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို တစ်စုံလျှင် ကျပ်တစ်သောင်းဖြင့် လမ်းမတော်မြို့နယ်၊ ခရေပင်လမ်း၊အမှတ်(၅/က)သို့ ရုံးချိန်အတွင်းရယူနိုင်မည်ဖြစ်ပြီး တင်သွင်းသူများအနေဖြင့် ဈေးနှုန်းမတင်နိုင် သေးမီကာလတွင် စိတ်ဝင်စားမှုအဆိုပြုလွှာကိုသတ်မှတ်ရက်အတွင်း တင်သွင်းရန် ဖြစ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

#Local_News #အင်ဂျင်နီယာကောင်စီပိုင်အဆောက်အအုံ #(၃)နှစ်တာငှားရမ်းရန်တင်ဒါခေါ်ယူ #tthl #Yangon_Times