Published_03 January 2024

ဘူတာ၁၀ခု၌ကုန်စည်သယ်ယူပို့ဆောင်မှုလုပ်ငန်းနှင့် ဆက်စပ်သည့် သိုလှောင်၊ ဖြန့်ဖြူးရေးစင်တာ အငယ်
စားများ တည်ဆောက်/လည်ပတ်လုပ်ကိုင်ရန် မြန်မာ့မီးရထားက တင်ဒါအဆိုပြုလွှာ (Tender Proposal) တင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

အဆိုပါ တင်ဒါအဆိုပြုလွှာ (Tender Proposal) ဖိတ်ခေါ်ရာတွင်သီလဝါ-တိုးကြောင်ကလေး-မြို့ပတ်၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ သာစည်-မြင်းခြံရထားလမ်းပိုင်းများတွင် သိုလှောင်၊ ဖြန့်ဖြူးရေးစင်တာများနှင့် ဆက်စပ်သည့် ရထားနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လည်း ပါဝင်နေကြောင်းသိရသည်။

ထို့အပြင် Package စနစ် ငါးနှစ်မူဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် နိုင်ငံသားပုဂ္ဂလိကလုပ်ငန်းရှင်/ ကုမ္ပဏီအဖွဲ့အစည်းများ အနေဖြင့် တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းတင်ဒါစည်းကမ်းချက်နှင့် တင်ဒါအဆိုပြုလွှာ (Instructions to Tenderer & Request for Proposal) များကို ၁ စုံ ကျပ် ၅ သိန်းနှုန်းနှင့် ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်နေ့အထိ ရုံးချိန်အတွင်း ဒုတိယအထွေထွေမန်နေဂျာ၊ ထောက်ပံ့ဌာန၊မြန်မာ့မီးရထား၊ ကုန်သည်လမ်းနှင့် ၅၁လမ်းထိပ်၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်၌ဝယ်ယူနိုင်ကြောင်းအသိပေးထားသည်။

အဆိုပါတင်ဒါအဆိုပြုလွှာများကို ဧပြီလ ၁ ရက်နေ့၊ နေ့လည်၂နာရီနောက်ဆုံးထား တင်သွင်းရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကိုမြန်မာ့မီးရထား(ရုံးချုပ်)၊နေပြည်တော်ဘူတာ(ပထမထပ်)ရှိစီးပွားရေးဌာနထံ လူကိုယ်တိုင်ဖြစ်စေ၊ ၀၆၇-၇၇၀၄၈ / ၇၇၁၆၃ ဖြစ်စေ၊ Email – This email address is being protected from spambots. You need JavaScript enabled to view it. ဖြစ်စေဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းတင်ဒါခေါ်ယူရေးနှင့်စိစစ်ရေးကော်မတီမှကြေညာထားကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 03 January 2024
#YMG #Yangon_Times #YMG_News #Yangon_Media_Group