Published 3 January 2024

ဗိုလ်တထောင် ၊ကမ်းနားလမ်း၊ကွန်တိန်နာယာဉ်ရပ်နားဝန်းအတွင်း ရပ်နားထားသော အဝါရောင်ကွန်တိန်နာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။

ဇန်နဝါရီလ၃ရက်နေ့ ညနေ၄နာရီကျော်တွင်  ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ ကွန်တိန်နာယာဉ်ရပ်နားဝန်းအတွင်း ရပ်နားထားသော Howo Sino Truck (အဝါရောင်)ကွန်တိန်နာယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဝါရောင်ကွန်တိန်နာယာဉ်မီးလောင်ကျွမ်းမှု ကြောင့်ဘေးအနီးရှိ ကွန်တိန်နာတစ်စီးကိုလည်း မီးကူးစက်လောင်ခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုကို  တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၄ ၅၅ အချိန် မီးငြိမ်းကြောင်းသိရသည်။

ရှင်သန်ရေးကူညီမှုအသင်းရေဘောက်ဆာ+မီးသတ်ဆေးဘူးအကြီးများဖြင့်  ရေအထောက်အကူပြု + မီးငြိမ်းသတ်  ကူညီပေးခဲ့ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 03 January 2024
#YMG #Yangon_Times #YMG_News #Yangon_Media_Group