3 January 2024

တောင်ကြီး၊စဝ်စံထွန်း‌ဆေးရုံကြီးတွင် (၅)ဆေးကုသဆောင်အသစ်နှင့်(၄)ထပ်သင်ကြားရေးစာသင်ဆောင်သစ်များဖွင့်လှစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယခုဖွင့်လှစ်သည့် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး (၅)ထပ် ကုသဆောင်သစ်ကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် ၂ဒသမ၅ ဘီလီယံကျော် (၂၅၉၂ဒသမ၅ ကျပ်သန်း) အကုန်ကျခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရေးပေါ်ကုသမှုဌာနနှင့် စာသင်ခန်းမ၊ ဓာတ်မှန်ဌာန၊ အရိုးကုသဆောင်၊ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုမည့် (Endoscopy) အခန်းနှင့် ခွဲစိတ်ကုသဆောင်၊ အထူးကြပ်မတ်ကုသဆောင်၊ စာသင်ခန်းများ၊ ခွဲစိတ်ခန်း (၅)ခန်းတို့ပါဝင်ကာ လူနာခုတင်အသစ်များ၊ ခွဲစိတ်ခန်း၊ အထူးကြပ်မတ်ကုသခန်း၊ အရေးပေါ်ဌာနတို့အတွက် လိုအပ်သည့် ဆေးရုံသုံးစက်ပစ္စည်း ကိရိယာများကို ဖြည့်ဆည်း တပ်ဆင်ပေးထားသည်။

ဆေးတက္ကသိုလ်-တောင်ကြီး (၄)ထပ် စာသင်ဆောင်သစ်ကို စုစုပေါင်းကုန်ကျငွေ ကျပ်သန်းပေါင်း (၁၄၀၃)သန်းကို အသုံးပြုကာ တည်ဆောက်ခဲ့ခြင်းပြီး ဆေးတက္ကသိုလ်-တောင်ကြီးတွင် (၂၀၂၄) ပညာသင်နှစ်အတွက် ဆေးပညာမဟာသိပ္ပံဘွဲ့လွန် သင်တန်းကို စတင်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ 

အဆိုပါဆေးကုသဆောင်နှင့်သင်ကြားရေးဆောင် ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ပါမောက္ခချုပ်၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ သင်ကြားရေးဆိုင်ရာ ဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 03 January 2024
#YMG #Yangon_Times #YMG_News #Yangon_Media_Group