#Local_News
Published_1 January 2024


လေဆိပ်လမ်း၌ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားထဲလူညှပ်နေသည့်အတွက်ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ယနေ့ ဇန်နဝါရီ၁ရက် မနက် ၂နာရီ ၅၂မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၅ရပ်ကွက်၊ လေဆိပ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ကာ လူညှပ်နေကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်၁စီး၊ သန္ဓမေီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်း ကျား(၁)ဉီး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား လူထဲကလူ လူမှုကယ်ဆယ်ရေးအသင်းကားဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

#Local_News #ယာဉ်တိုက်မှု‌ကြောင့် #ကားထဲလူညှပ်မှုဖြစ်ပွား #YMG/NN #Yangon_Times