#Local_News
Published 1 January 2024


မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ် ရေပိုင်နက်အတွင်း မြန်မာနိုင်ငံသား ၄ဦး ပါဝင်သည့် ငါးဖမ်းလှေတစ်စီးဖမ်းဆီးခံရကြောင်း မလေးရှား သတင်းဌာနများရဲ့ဖေါ်ပြချက်အရ သိရသည်။

 

ဆီလန်ဂေါပြည်နယ် ရေကြောင်းညွန်ကြားရေးမှူး၊ ရေကြောင်းကပ္ပတိန် Abdul Muhaimin bin Muhammad Salleh မလေးရှားရေကြောင်းကင်းလှည့်အဖွဲ့သည် အနောက်တောင်ဘက် ရေမိုင် ၈ မိုင်ခန့်အကွာတွင် ငါးဖမ်းသင်္ဘောတစီးအား သံသယဖြစ်ဖွယ်အခြေအနေတွင် တွေ့ရှိခဲ့ရာClass C အမျိုးအစား ဒေသန္တရ ငါးဖမ်းလှေတစ်စင်းအား တားမြစ်ဆေးရေဟု ယူဆရသည့် ၁.၅ လီတာရေသန့်ဘူး ၁၃ ဘူးကို တွေ့ရှိပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ငါးဖမ်းစက်လှေပေါ်တွင် အသက် ၂၆ နှစ်မှ ၄၁ နှစ်ကြားရှိ မြန်မာနိုင်ငံသားလေးဦး အလုပ်လုပ်ကိုင်နေသည် ကို တွေ့ရှိရပြီး စာရွက်စာတမ်းများကို စစ်ဆေးရာတွင် ငါးဖမ်းလှေသည် လိုင်စင်ပါစည်းကမ်းချက်များကို ဖောက်ဖျက်ကျုးလွန်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားအလုပ်သမားများကို အသုံးပြုသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

 

ထို့အပြင် လှေအတွင်းတားမြစ်ပစ္စည်းများဖြစ်သော ကက်တမ်အရည်အပြင် ချောင်းဆိုးပျောက်ဆေး ၃ ပုလင်းနှင့် ကက်တမ်အရွက်လတ်လတ်ဆတ်ဆတ် ကီလိုဂရမ် ၁,၆၂၇ ပါသည့် ပလပ်စတစ် ၁အိတ် နှင့် ကီလိုဂရမ် ၅၀ ပါရှိသည့် ငါးသိုလှောင်ခန်းတစ်ခန်းကိုလည်း တွေ့ရှိကြောင်း သိရသည်။

 

ထို့ကြောင့် လှေ၊ သက်သေခံပစ္စည်းများနှင့် လှေလုပ်သားအားလုံးကို မလေးရှားရေကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိများထံ မလွှဲပြောင်းမီ Pulau Indah Marine Police Force ဆိပ်ခံတံတားသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

 

#Local_News #မလေးရှား ဆီလန်ဂေါပြည်နယ် #ငါးဖမ်းလှေတစ်စီးဖမ်းဆီးခံရ #YMG/LW #Yangon_Times