Published_30 December 2023

နေပြည်တော် စည်ပင်သာယာရေးနယ်နမိတ်အတွင်းရှိ အစိုးရနေအိမ်၊ တိုက်ခန်းများတွင် နေထိုင်သူများအနေဖြင့် ခွေး၊ ကြောင်မွေးထားပါက တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာန၌ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အဆိုပါ နေပြည်တော်စည်ပင်သာယာရေးနယ်နမိတ်အတွင်း ခွေရူးရောဂါကဲ့သို့ တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေးအတွက် အိမ်မွေးတိရစ္ဆာန်ခွေး၊ကြောင်မွေးသူများအနေဖြင့် အောက်ပါအချက်များအားလိုက်နာရမည်ဖြစ်ကြောင်းသိရသည်။

အစိုးရနေအိမ်၊တိုက်ခန်းများတွင် နေထိုင်ခွင့်ရသူများသည်အများကို အနှောင့်အယှက် မည်သည့်တိရိစ္ဆာန်ကိုမှ မွေးမြူရေးခြင်းမပြုရကြောင်း၊အများပြည်သူများအား အန္တရာယ်ဖြစ်စေနိုင်သည်ဟု ကော်မတီကသတ်မှတ်သော တိရိစ္ဆာန်များကို မွေးမြူခြင်းမပြုရကြောင်းသိရသည်။

ထို့အပြင် ခွေး၊ကြောင်များကို သတ်မှတ်စည်းကမ်းချက်အတိုင်းကာကွယ်ဆေးမထိုးဘဲ မွေးမြူခြင်းမပြုရကြောင်း၊မိမိနေအိမ်တွင်း ခွေး၊ကြောင်မွေးမြူလိုသူများသည်တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာန၌မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။

၄င်းအပြင် အိမ်မွေးတိရစ္ဆာန်မွေးမြူရန် ခွင့်ပြုချက်ရယူသူသည် ခွင့်ပြုချက်ပါစည်းကမ်းများကို လိုက်နာရမည့်အပြင် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနတို့က အခါအားလျော်စွာထုတ်ပြန်သော အမိန့်နှင့်ညွှန်ကြားချက်များကိုလည်း လိုက်နာရမည်ဖြစ်ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံခြင်း၊လည်ပတ်တံဆိပ်များတပ်ဆင်ခြင်းနှင့်အခြားအခွန်အခများပေးဆောင်ခြင်းတို့ကိုလည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ကာကွယ်ဆေးမထိုးရသေးသောထိန်းကျောင်းသူမပါရှိသော ခွေးနှင့်ကြောင်များကို လွှတ်ထားခြင်းမပြုကြောင်း၊လည်ပတ်နှင့်ထိန်းကြိုးများခိုင်ခန့်စွာတပ်ဆင်ထားရမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/NN
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group