Published_30 December 2023

သင်္ကြန်မိုးဇာတ်ကားထုတ်လုပ်သူ ဦးဇော်မြင့်(ရီမြင့်ရုပ်ရှင်မန္တလေး)၏ မိခင်၊ အကယ်ဒမီနောင်နောင်(သရုပ်ဆောင်)၏ ဘွားဘွား ဒေါ်ရီရီ(Nelly Thant) (BA. Geography၊ရီမြင့်ရုပ်ရှင်မန္တလေး) သည်ဒီဇင်ဘာလ၂၈ရက်တွင် ကွယ်လွန်သွားကြောင်းသိရသည်။

ကွယ်လွန်ချိန်တွင် အသက် ၉၂နှစ်ရှိပြီဖြစ်ပြီး  ဒီဇင်ဘာလ၃၁ရက်တွင် မန္တလေးရှိ အေးရိပ်ငြိမ် သုဿန်၌သဂြိုဟ်သွားမည်ဟုဆိုသည်။

အဘွားဒေါ်ရီရီကွယ်လွန်သွားသည့်အတွက်အကယ်ဒမီ ဒါရိုက်တာမောင်မျိုးမင်းမှလည်း ဝမ်းနည်းကြေကွဲရကြောင်းကိုယခုလိုဖော်ပြထားသည်။

"ရီမြင့်ရုပ်ရှင်ထုပ်လုပ်ရေးမှ ကိုဇော်မြင့်၏ မိခင်ကြီးဒေါ်ရီရီ ကွယ်လွန်ကြောင်းကြားသိရတဲ့အတွက် မိသားစုနှင့်အတူ ဝမ်းနည်းရပါတယ် မိခင်ကြီးကောင်းရာသုဂတိရောက်ပါစေ"ဟု အကယ်ဒမီ ဒါရိုက်တာမောင်မျိုးမင်းက ဖော်ပြထားသည်။
Yangon_Times/tthl
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group