Published_ 30 December 2023

   တိုက်ပွဲကြောင့် ပျက်စီးခဲ့သည့် သီပေါ -နမ္မတူ လမ်းပိုင်း ဆက်သွယ်ထားသည့် မိုးတေတံတားကို ဒေသခံပြည်သူများက ယာယီပြုပြင်ပြီး ယာဉ်ငယ်များ ဖြတ်သန်းနိုင်ရန် ဆောင်ရွက်ထားကြောင်းဒေသခံ ပြည်သူများထံက သိရသည်။

  ဒီဇင်ဘာ (၂၈)ရက် ည (၇)နာရီဝန်ကျင်းအချိန်ခန့်တွင် သီပေါ နှင့် နမ္မတူအကြားလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး  ယင်းလမ်း‌ပိုင်းပေါ်ရှိ မိုးတေတံတား ထပ်မံပျက်ဆီးခဲ့ကာ လုံးဝကျိုးကျသွားခြင်းမျိုးမဟုတ်ဘဲ တံတားအစိတ် အပိုင်းတစ်နေရာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့် ပျက်ဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"" ၂၉ ရက် နေ့ မှာ ပဲ အနီးနား က ပြည်သူတွေက လမ်းပဲ့သွား ပေါက်သွားတဲ့ နေရာ တွေကို ယာယီ သွားလို့ရအောင် လုပ်လိုက်တဲ့ အတွက် ယာဉ်အသေးတွေနဲ့ တန်ချိန်နည်းတဲ့ယာဉ် တွေ ဖြတ်သန်းသွားလာလို့ရပါတယ်""ဟု သီပေါ မှ ဒေသခံတစ်ဦးကပြောသည်။

  ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများကြောင့် ယခု ဒီဇင်ဘာလ (၁)ရက်နေ့တွင် လားရှိုးနှင့် သီပေါမြို့သို့ဆက်သွယ်ထားသော စဉ့်အင်တံတားမှာ ကျိုးကျပျက်ဆီးခဲ့သည်။

  အလားတူ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ယင်းလမ်းမပေါ်ရှိ ကျောက်မဲ-သီပေါ ဆက်သွယ်ထားသော  ကျင်သီတံတားမှာလည်း လက်နက်ကြီးထိမှန်မှုကြောင့် ကျိုးကျပျက်ဆီးခဲ့သေးကြောင်း သိရသည်။
Yangon_Times/LW
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group