Published_18 Dec 2023

ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်က ရန်နိုင်စိုး (ခ) ရန်နိုင် မောင်းနှင်ပြီး မအိအိခင်(ခ)မအိ နှင့် မမေဦးကိုကို(ခ)မေဦးကြည်လင် တို့ လိုက်ပါလာသည့် ALPHARD ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၅ ကီလို သိမ်းဆည်းရမိ ခဲ့ပြီး ဖမ်းဆီးရမိ အိုက်စ်များ သယ်ဆောင် ရာ၌ ပူးပေါင်းပါဝင်သူများအား ဒီဇင်ဘာလ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ (၁)ရပ် ကွက်၊ ပုလဲလမ်းတွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများမှာ AA အဖွဲ့မှ ဒုဗိုလ်အဆင့်ရှိ နေလင်းထွန်း(ခ) နောနော်(ခ)ကျော်စိုး နှင့် ဒုဗိုလ် အဆင့်ရှိ စိုးထွန်းတို့ကို ALPHARD မော်တော်ယာဉ် ၁ စီးဖြင့်လည်းကောင်း၊ AA အဖွဲ့မှ ဗိုလ်အဆင့်ရှိ ထွန်း လင်း (ခ)ပြုံးချို အား အိုက်စ် ၈၆၅ ကီ လို ဖြင့် ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ က နောင်မင်းသားကြီး လမ်းရှိ ဂိုဒေါင်တွင်လည်းကောင်း၊ဇော်မင်းထွေး(ခ)သန်းဝင်း နှင့် မသင်းမြတ်ဆွေ(ခ) ရင်ရင်လှ တို့အား အောင်မင်္ဂလာ အဝေး ပြေး ကားဝင်းတွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်း ဖမ်းဆီးရမိ အိုက်စ်များကို ရန် ကုန်မြို့ တွင်လက်ခံ၍ ပြည်ပသို့ ရေကြောင်းမှ သယ်ဆောင်ရာတွင် စီမံခန့် ခွဲ သူ သားကြီး(ခ) ဦးလှဝင်း အား တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ ဟိုတယ်တွင် ဒီဇင်ဘာလ ၆ ရက်က ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး တောင် ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်၊ မေတ္တာလမ်းတွင် ၎င်းပိုင်ဆိုင်သည့် CANTER BOX မော်တော်ယာဉ် ပေါ်မှ အိုက်စ် ၁,၁၄၀ ကီလို၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလို တို့ကို ဒီဇင်ဘာလ ၇ ရက်တွင် ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အလားတူ ကမာရွတ်မြို့နယ်၊ ဆင်မလိုက်သင်္ဘောကျင်း၌ စိုးပိုင်(ခ) စိုးစိုး၊ ဌေးလင်းဇော်၊ ကျော်ဌေးစိုး၊ AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ ဦးကျော်ဟန်၊ တပ်သား အဆင့်ရှိ ကျော်လင်း ဆန်း နှင့် တပ်သားအဆင့်ရှိ ဦးထွန်းနု တို့ ၆ ဦးအား ပြည်ပသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် မူးယစ်ဆေးဝါး များ သယ်ဆောင်သည့် တနင်္သာရီ(၁)အမည်ရှိ သံခွံကုန်တင် သင်္ဘော ၁ စီးနှင့်အတူ ဒီဇင်ဘာလ ၉ ရက်တွင် ထပ်မံဖော်ထုတ် ဖမ်းဆီးရ မိ ခဲ့ကြောင်းသိရသည်။

ယင်းသိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးအိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၀၇ တန်ကို မူးယစ်မှောင် ခိုဂိုဏ်းဖွဲ့၍ ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့သယ်ဆောင်ကာ ပင်လယ် ရေကြောင်း မှတစ်ဆင့် ပြည်ပသို့သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းနှင့် စိတ်ပြောင်းဆေး ဝါးများထုတ်လုပ် ရာတွင်အသုံး ပြုသည့်ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို ရှမ်းပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ် ကြောင်း လည်း သိရသည်။

သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို AA အဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ ကျော် မြတ်ဦး(ခ)သားသား(ခ)ဝေသာထွန်း ၏ ဦးစီးစီမံခန့်ခွဲမှုဖြင့် သယ်ဆောင်ခြင်း ဖြစ်ကြောင်း လည်း ပြည်ထဲ ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်း မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း၊ မူးယစ် ဆေး ဝါးသယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်း နိုင်ရေးအတွက် ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Yangon_Times/PP
#Published_ 18 December 2023
#YMG #Yangon_Times #YMG_News
#Yangon_Media_Group