Published 16 December 2023

  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၉)ရပ်ကွက်၊ စက်မှုဇုံ(၁)၊ ဦးရွှေဘင်လမ်းရှိ ဘိလပ်မြေအုတ်စက်ရုံအတွင်းရှိ ဘိလပ်မြေဖျော်သည့်စက်အတွင်း လူ(၁)ဦးညပ်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

  ဒီဇင်ဘာ ၁၆ ရက်  နံနက် ၉နာရီ ၅၀မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ ခြင်းဖြစ်ကာ ယင်းညှပ်နေသူအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ ၁၀ နာရီ အချိန်တွင် ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။

   အဆိုပါ လူနာအား ပိတောက်ကွေ့သမလူမှုကူညီရေးအသင်းယာဉ်ဖြင့် စံပြဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group