Published 16 December 2023

  မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင် မြန်မာအလုပ်သမားတစ်ဦးသည် မလေးရှား နိုင်ငံ၏ တရားဝင် ရောင်းချသည့် ၆ လုံးထီ ပေါက်ခဲ့ကာ မြန်မာငွေ ကျပ်သိန်း၁၅၀၀ နီးပါးရရှိခဲ့ကြောင်းနှလုံးလှ ပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ထံက သိရသည်။

   အဆိုပါ ကံထူးရှင်သည်  ၎င်း‌ကိုင်ဆောင်ထားသည့် ပတ်စပို့စ်နံပါတ်ကို (၆)လုံးထီထိုးခဲ့ရာမှ ထီဆုပေါက်ခဲ့တာဖြစ်ပြီး မလေးရှားငွေ ရင်းဂစ် (၂၀၀၀၀၀)ဆု၊မြန်မာကျပ်ငွေ သိန်း (၁၅၀၀) ခန့်ကို ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

  ထီဆုပေါက်သူမှ ဆုငွေထုတ်ယူရန် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ကို ဆက်သွယ်အကူအညီတောင်းခံခဲ့သောကြောင့် အဖွဲ့တာဝန်ရှိသူများ က ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကာယကံရှင်နဲ့အတူ ဆုငွေသွားရောက်ထုတ်ယူပေးခဲ့ကြောင်းသိရသည်။

  ယင်းကံထူးရှင်မှ လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သည့် နှလုံးလှအသင်း၏ ပရဟိတကူညီမှုများဆောင်ရွက်သည့် နေရာတွင်  အသုံးပြုနိုင်ရန်  ရင်းဂစ် (၅၀၀၀) ကို လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။

ထီဆုကံထူးရှင်သည်  မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ကနီမြို့နယ်မှ မလေးရှားနိုင်ငံသို့  လာရောက်အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 16 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group