Published 15 December 2023

ဗိုလ်တထောင်စေတီတော်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓ၊ဓမ္မ၊သံဃပူဇာပွဲကြီးကို (၆)ရက်တိုင်တိုင် ကျင်းပသွားရန် ရှိကြောင်း ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲ့မှသိရသည်။

ဗုဒ္ဓပူဇာပွဲအဖြစ် ဒီဇင်ဘာလ၂၇ရက် နံနက်(၅)နာရီတွင်ကျင်းပသွားမည်ဖြစ်ပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီးအား ဆရာတော်သံဃာတော်အပါး(၉၀)ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်တင် ပူဇော်ခြင်း၊ပန်း၊ရေချမ်း၊ဆီမီး၊အမွှေးနံသာ၊ဆွမ်း၊သစ်သီးများကပ်လှူသွားမည်ဖြစ်သည်ဟုဆိုသည်။

ဓမ္မပူဇာပွဲအဖြစ် ဒီဇင်ဘာလ၂၆ရက်မှ ၃၀ရက်အထိကျင်းပသွားမည်ဖြစ်ပြီး ဓမ္မပူဇာအဖြစ် အသံမစဲမဟာပဌာန်း တော်ကြီးရွတ်ဖတ်ပူဇော်သွားမည်ဖြစ်သည်။

သံဃာပူဇာပွဲအဖြစ် ဒီဇင်ဘာလ၃၁ရက်တွင်ကျင်းပမည်ဖြစ်ပြီး မြတ်စွာဘုရားရှင်ကိုအမှူးထား၍ မဟနဆရာတော် များ၊ တိပိဋကဆရာတော်များ၊ ဩဝါဒစရိယဆရာတော်၊သံဃာတော်များ(၁၀၈)ပါးနှင့်သီလရှင်(၃၆)ပါးတို့ကို လှူဖွယ်ပစ္စည်းများဖြင့် အကြိမ်(၅၀)မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
Yangon-Times/tthl
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group