Published-15 December 2023

လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကျပ် ၈၀၀,၀၀၀မှ ၁,၂၀၀,၀၀၀ အထိဈေးနှုန်းရှိနေ ပြီးတရုတ်မှဆေးဝါးနှင့်လူသုံးကုန်များ အဓိကတင်သွင်းမှုများ ပြုလုပ်‌နေကြောင်း ကုန်သည်များထံမှသိရသည်။

အဆိုပါသယ်ယူပို့ဆောင်ခများမှာ ကုန်အမျိုးအစားပေါ်မူတည်၍ဈေးနှုန်းများကွာခြားလေ့ရှိပြီး ကုန်ပွတစ်စီးလျှင် (၈၀၀,၀၀၀)ကျပ်၊ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်နှင့်ကုန်ကျစ်တစ်စီးလျှင် (၁,၂၀၀,၀၀၀)ကျပ်အထိဈေးနှုန်းအသီးသီးရှိနေကြောင်းသိရသည်။

' ‌ဈေးကကုန်အမျိုးအစားအလိုက်ကွာတယ်၊ အရင်ကျွန်တော်တို့မူဆယ်ကတင်ပို့တင်သွင်းနေပါ တယ်ပေါ့၊အခုလွယ်ဂျယ်ကနေအဓိကကုန်သွယ်နေပါတယ်၊ကုန်ကတော့ဟိုဘက်ဒီဘက်အစုံသွားပါတယ်၊ ' ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

လတ်တလောတွင် သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက် ရှိပြီး ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင်ဆေးဝါးပစ္စည်း (၅၉၈၈၀၀)U ၊ တန်ဖိုး (ဝ.၀၉၈) ဒေါ်လာသန်း၊ ဂျပ်ဖာ (၂၂.၀၀) တန်၊ တန်ဖိုး (ဝ.၀၀၉) ဒေါလာသန်း၊ ထွန်စက် (၂) U ၊ တန်ဖိုး (ဝ.၀၁၈) ဒေါ်လာသန်း၊ ချည် (၂၈.၆၀) တန်၊ တန်ဖိုး (ဝ.၀၁၇) ဒေါ်လာသန်း၊ တစ်သျှူးလိပ် (၃.၅၀) တန်၊ တန်ဖိုး (ဝ.၀၀၇) ဒေါ်လာသန်း၊ မြက်ခင်းတု (၈.၀၀) တန်၊ တန်ဖိုး (ဝ.၀၀၅) ဒေါ်လာသန်း၊ ပတ္တာကြိုး (၄၃.၀၀) တန်၊ တန်ဖိုး (ဝ.၀၅၃) ဒေါ်လာသန်း၊ စောင် (၂၃.၀၀) တန်၊ တန်ဖိုး (ဝ.၀၁၂) ဒေါ်လာသန်း၊ ပိုက် (၁၆.၅၀) တန်၊ တန်ဖိုး (ဝ.၀၂၃) ဒေါ်လာသန်း၊ နန်းကြိုးခွေ(၁၆.၀၀) တန်၊ တန်ဖိုး (ဝ.၀၁၁) ဒေါ်လာသန်း၊ ဖော့ (၁၀.၀၀) တန်၊ တန်ဖိုး (ဝ.၀၀၇) ဒေါ်လာသန်း၊ ကုန်စုံ (၁၉၁.၈၀) တန်၊ (၂၈၅၀၉) U၊ (၁၀၀၀) PR၊ တန်ဖိုး (ဝ.၁၅၅) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

အဆိုပါ သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် နှစ်ဘီးထွန်စက်တစ်စီးလျှင် (၆၀၀)ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ်တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိကြောင်းသိရသည်။

ပို့ကုန်များအနေဖြင့်ဆန်နှင့်ဆန်ကွဲအပါအဝင်လယ်ယာထွက်ကုန်များအားအဓိကတင်ပို့ခဲ့ကာသယ်ဆောင်စရတ်အဖြစ် တစ်ပိသာလျှင်ကျပ်၁၅၀အထိဈေးနှုန်းရှိနေကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group