Published 15 December 2023

မလေးရှားနိုင်ငံတွင် အလုပ်သွားရောက် အလုပ်လုပ်ရန်အတွက် ထိုင်းနိုင်ငံမှတဆင့် သွား‌ရောက်ရန် အတွက် လုပ်ဆောင်စဉ်တွင် ထိုင်းအာဏပိုင်များက စစ်ဆေးတွေ့ရှိသဖြင့် မြန်မာအမျိုးသမီး ၇ ဦး အဖမ်းခံရကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်အရ သိရသည်။

အဆိုပါမြန်မာ အမျိုးသမီး ၇ ဦးမှာ ထိုင်းနိုင်ငံ ချွှန်ဖော်ခရိုင်၊ ထားစယ့်မြို့ရပ်ရော့ ကျေးရွာအုပ်စု ၁၄ နယ်မြေတွင် ဒီဇင်ဘာ ၁၃ ရက် ည ၁၁နာရီ အချိန်ခန့်က ဒေသခံ အာဏပိုင် အဖွဲ့များက ကင်းလှည့်စစ်ဆေးစဉ် တရားမဝင် နယ်စပ် ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား အမျိုးသမီး ၇ ဦး တို့ကို စစ်ဆေးတွေ့ရှိသဖြင့် ဖမ်းဆီးခံခဲ့ ရကြောင်း သိရသည်။

ယင်းအလုပ်သမားများသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစားခအဖြစ် တစ်ဦးလျှင်ဘတ် ၇၀၀၀၀ ပေးခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးခံရသူများကို အမှတ် ၂၅ ခြေလျင် တပ်ဖွဲ့က သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကာ လဝကဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group