#Local_News
Published-11 December


2023 ယခုဘဏ္ဍာနှစ်ဧပြီလမှ ဒီဇင်ဘာလဆန်းအထိ ပို့ကုန်တင်ပို့မှုမှကန်ဒေါ်လာ ၁၀သန်းခန့် ရရှိထားကြောင်းစီးပွားရေးကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။

 

ထိုသို့တင်ပို့ရာတွင် လယ်ယာထွက်ကုန်၊တိရိစ္ဆာန်ထွက်၊စက်မှုကုန်ချောနှင့်အခြား ထုတ်ကုန်အပါအဝင် စုစုပေါင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၉၆၂၇ဒသမ၈၀၀သန်းအထိရရှိထားကြောင်းသိရသည်။

 

အဆိုပါကဲ့သို့ ပို့ကုန်များတင်ပို့ရာတွင် နိုင်ငံပိုင်ကဏ္ဍမှ ၂၈၆၉ သန်းကျော်၊ပုဂ္ဂလိကပိုင်ကဏ္ဍမှ ၆၇၅၈သန်းကျော်အထိတင်ပို့နိုင်ခဲ့ပြီး ပြည်ပနိုင်ငံပေါင်း ၁၁၇ နိုင်ငံသို့တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ နိုင်ငံများတွင် ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမနီ၊ ပိုလန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများမှ ကုန်စည်အလိုက် ဈေးကွက်ဝယ်လိုအား များပြားသည့် နိုင်ငံများဖြစ်ကြောင်း၊၄အပြင် မတ်ပဲ၊ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ရော်ဘာ၊ ပဲစင်းငုံ၊ နှမ်း၊ မြေပဲ၊ ကြက်သွန်နီ၊ နနွင်းတက်၊ မန်ကျည်းသီး၊ ချင်းခြောက်၊ ဝဥ၊ ကြက်ဆူစေ့၊ ကော်ဖီစေ့၊ သီဟိုဠ်စေ့၊ ဝါ၊ ပီလောပီနံ၊ ဖရဲ၊ သခွား၊ သရက်၊ တစ်သျှူးငှက်ပျော စသည့် အဓိက လယ်ယာထွက်များ တင်ပို့ခဲ့ကြောင်း သိရသည်။

 

#Local_News #ကန်ဒေါ်လာသန်း၁၀၀၀ခန့်ရရှိ #YMG/NN #Yangon-Times