#Local_News
Published 11 December 2023

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများမှ တတိယအကြိမ် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပခဲ့ပြီး သွေးပုလင်းစုစုပေါင်း (၁၂၅ )ပုလင်းခန့်လှူဒါန်းနိုင်ခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။

 

အဆိုပါသွေးလှူဒါန်းပွဲကို ဒီဇင်ဘာလ(၁၀)ရက်၊ တနင်္ဂနွေနေ့ နံနက်(၀၉:ဝဝ)နာရီအချိန်တွင် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံကြီး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

 

 တတိယအကြိမ် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ ဗိုလ်တထောင် စေတီတော်အလှည့်ကျသဘာပတိဦးဌေးဦး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဒေါက်တာတင်ထွန်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးတင်ရှိန်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးအောင်မြတ်၊ ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ဝင်ဦးဝင်းထူး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးစိန်သန်းနှင့် ရုံးအဖွဲ့မှူး ကျော်နိုင်ထွန်းနှင့် ဒုရုံးအဖွဲ့မှူး၊ လက်ထောက်ရုံးအဖွဲ့မှူး နှင့် ဌာနမှူးများမှ တက်ရောက်ကြပြီးအခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီးအလှည့်ကျသဘာပတိဦးဌေးဦးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

 

ရန်ကုန်ဆေးရုံကြီး သွေးလှူဘဏ်မှ ဒေါက်တာဒေါ်သန္တာနှင့် တာဝန်ခံဆရာဝန်များ၊ ဝန်ထမ်းများမှု သွေးလှူဒါန်းမည့်အလှူရှင်များအား လိုအပ်သည်များ ဆောင်ရွက်ပေး၍ သွေးလှူဒါန်းပွဲကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်ဟုဆိုသည်။ 

 

လာရောက်သွေးလှူဒါန်းသည့်အလှူရှင်များကို ဗိုလ်တထောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တီရှပ်နှင့်ရေသန့်များလှူဒါန်းခြင်း။

 

 ဦးအောင်ကိုဇော် မိသားစုမှ နွားနို့၊ ကြက်ဥနှင့် ငှက်ပျောသီးများလှူဒါန်းခြင်း။ 

 

ရန်ကုန်ဆေးရုံကြီးသွေးလှူဘဏ်မှ Royal D အချိုရည်၊ ဘီစကစ်နှင့် သံဓာတ်အားဆေးမျာ လှူဒါန်းခြင်း။

 

ဗိုလ်တထောင်စေတီတော် အုန်း/ငှက်ပျောကန်တော့ပွဲဆိုင်များမှ ကြာဇံချက်များ ကုသိုလ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

#Local_News #ဗိုလ်တထောင်စေတီ #သွေးပုလင်းစုစုပေါင်း(၁၂၅ )ပုလင်း #tthl #Yangon_Times