#Local_News
Published_10 Dec 2023


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသောအရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် နစက ဥက္ကဌက သွားရောက် အားပေး ခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင် များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ဆေးဝါးကုသမှုပေး ထားသည့်အခြေအနေများနှင့် ရောဂါကုသ ပျောက်ကင်းသက်သာမှု အခြေအနေများကို လည်းကောင်း၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် မိ သားစုဝင်များ၏ ကျန်းမာရေးအခြေအနေများကိုလည်းကောင်း တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ အားပေးစကား ပြော ကြားခဲ့ကြောင်း သိရသည်။

 

ယင်းနောက် အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များ၊ အထွေထွေလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်းနှင့်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာ ရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

 

အလားတတူ နစက ဥက္ကဌ၏ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် သားဖွားမီးယပ်နှင့်ကလေး ကုသဆောင်၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် တပ်မတော်သားမိသားစုဝင် များ ကို တစ်ဦးချင်း အားပေးစကားပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

#Local_News #နယ်မြေခံတပ်မတော်ဆေးရုံ #နစကဥက္ကဌ သွားရောက်အားပေး
#Yangon_Times/PP