#Local_News
Published 10 December 2023


ရန်ကုန်-မော်လမြိုင် ကားလမ်း သင်းထော်ကွေ့  တွင် စက်သုံးဆီ သယ်ဆောင်သည့် ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

 

ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀နာရီ ခန့်ကမွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စု၊ သင်းထော်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ သင်းထော်ကွေ့တွင် ဆီသယ်ယာဉ်(၁)စီးတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ယာဉ်တိမ်းမှောက် ကြောင်း သတင်းရရှိသဖြင့် သထုံမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ကျိုက္ကော်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 

ယမန့်နေ့က လည်း မန္တလေးတိုင်း ကျောက်ဆည်မြို့ရှောင် လမ်းတွင် စက်သုံးဆီ သယ်ယာဉ်တစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ကာ ပဲခူးမြို့ရှောင်လမ်း တွင်လည်း စက်သုံးဆီသယ်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ခဲ့ကြောင်းသိရသည်။

 

#Local_News #ရန်ကုန်-မော်လမြိုင်ကားလမ်း #ဆီသယ်ယာဉ်တစ်စီးတိမ်းမှောက် #YMG/NN #Yangon Times