#Local_News
Published-9 December 2023

လိုင်စင်မရှိဘဲ ဓာတ်ဆီ၊ ဒီဇယ်အပါအဝင် အခြားသော ရေနံထွက်ကုန်ပစ္စည်းတွေကို ဂါလန် ၅၀ အထက် သိုလှောင်ခြင်း၊ သယ်ယူခြင်းတွေ စစ်ဆေးတွေ့ရှိပါက အရေးယူခံရမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်ရာပစ္စည်းများကို ပြည်သူပိုင်ဘဏ္ဍာအဖြစ်လည်း သိမ်း‌ဆည်းခံရမည်ဖြစ်ကြောင်းရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အသိပေးလိုက်သည်။

 

ဒီဇင်ဘာလ ၁၀ ရက်နေ့မှစတင်ပြီး လိုင်စင်မရှိဘဲ ရေနံထွက်ပစ္စည်းများကို ဂါလန် (၅၀) ထက် သိုလှောင်ခြင်း၊ သယ်ယူခြင်းပြုလုပ်ပါကကျပ် သိန်း (၅၀) ထိ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် (၁)နှစ်တိတိ ချမှတ်ခံရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်ရာပစ္စည်းများကို ပြည်သူပိုင်ဘဏ္ဍာအဖြစ်လည်း သိမ်း‌ဆည်းခံရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

 

၄အပြင် ၂၀၂၃ ဒီဇင်ဘာ (၁၀) ရက်မှစတင် ပြီး လုပ်ငန်းတာဝန်များအရ လိုင်စင်မဲ့သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း ကြီးကြပ်စစ်ဆေးသွားမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားရယူလိုပါကလည်း ဌာနအနေဖြင့် လုပ်ထုံးလုပ်နည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀ အရ “မည်သူမျှဤဥပဒေအရ လိုင်စင်ရယူရန် လိုအပ်သည့်လုပ်ငန်း သို့မဟုတ် ဆောင်ရွက်မှုတစ်ခုကို သက်ဆိုင်ရာလိုင်စင်ရရိြှခင်း၊ မရှိဘဲလုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ”လို့ ပြဌာန်းထားကြောင်းသိရသည်။

 

ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနအနေဖြင့် လုပ်ငန်းလိုင်စင်များ ခွင့်ပြုထုတ်ပေးခြင်း၊ စောင့်ကြည့်ထိန်းသိမ်းခြင်း၊ ကြီးကြပ်စိစစ်ဆေးခြင်းများ ဆောင်ရွက်နေပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ပြည်တွင်းမှာ သယ်ယူပို့ဆောင်ခြင်း သို့မဟုတ် သိုလှောင်ခြင်းပြုလုပ်လိုပါက စုစုပေါင်း ဂါလန် (၅၀) ထက်ပိုမိုထားရှိလိုပါက လိုင်စင်ယူထားရမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #ရေနံထွက်ပစ္စည်း #အရေးယူခံရမည် #ပြည်သူပိုင်ဘဏ္ဍာ #YMG/NN #Yangon-Times