#Local_News
Published 09 December 2023

ရွှေတိဂုံစေတီ‌တော်ကြီးတွင်ကျင်းပသည့် စေတိယင်္ဂဏစာလျှောက်မေးပွဲ၌ စုစုပေါင်းသံဃာ‌တော် (၂၅၀) ပါးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

 

ဒီဇင်ဘာလ(၉)ရက်တွင် ကျင်းပနေသည့် (၁၀၅) ကြိမ်မြောက် စာမေးပွဲတွင် သီးခြားစာချတန်း ၃၈ ပါး၊ သီးခြားစာသင်တန်း ၂၁၂ ပါး၊ စာဖြေသံဃာစုစုပေါင်း ၂၅၀  ပါးတို့မှ ဒီဇင်ဘာ ၁၅ ရက်ထိ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်ဟုဆိုသည်။

 

ယနေ့ဒီဇင်ဘာလ(၉)ရက်တွင် သီးခြားစာသင်တန်းဖြေသံဃာတော် (၁၉၁)ပါးတို့က အာဂုံပြန်ဖြေဆိုကြမည်ဖြစ်ကာ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ယင်းအာဂုံပြန်အောင်စာရင်းအား ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ 

 

ထို့အတူ ဒီဇင်ဘာ ၁၁ ရက်မှ ၁၅ ရက်ထိနေ့များတွင် သီးခြားစာသင်တန်းနှင့် သီးခြားစာချတန်း သ‌ဘောရေးဖြေ ဖြေဆိုကြမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက်တွင် အောင်စာရင်း ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပါသည်။

 

အခမ်းအနားသို့ကြွရောက်တော်မူကြသည့် ဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်များနှင့် စာဖြေသံဃာတော်များအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၊ ထီးတော်ရုံတန်ဆောင်းတို့တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် အလှူရှင်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး  စာလျှောက်မေးပွဲကာလတွင်လည်း နေ့စဉ် နေ့ဆွမ်းကပ်လှူသွားမည်ဖြစ် ကြောင်း လာရောက်ကြည်ညိုသဒ္ဓါပွားများနိုင်ရန် ဖြစ်ကြောင်းသိရသည်။

 

#Local_News #စေတိယင်္ဂဏစာလျှောက်မေးပွဲ #အောင်စာရင်းထွက် #tthl #Yangon_Times