#Local_News
Published_ 9 December 2023


ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ဒီဇင်ဘာ ၇ ရက်တွင် ချင်းမိုင်မြို့၊ အမျိုးသမီးပြုပြင်ထိန်းသိမ်းရေးစခန်း (Women Correctional Institute) သို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသား အကျဉ်းသူများအား တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

 

ထိုသို့သွားရောက်စဉ် ညွှန်ကြားရေးမှူး Mrs. Sununta Kongpakpian နှင့် တွေ့ဆုံခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းကျခံနေရသည့် မြန်မာအကျဉ်းသူများ သင့်လျော်သည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ မြန်မာနိုင်ငံရှိ မိဘဆွေမျိုးများနှင့် ဆက်သွယ်ခွင့်ရရှိရေး အပါအဝင် ကောင်စစ်ရေးရာ ဆက်သွယ်ဆောင်ရွက်ခွင့်ရရှိရေး၊ လူသားချင်းစာနာ ထောက်ထားမှုရရှိရေး၊ လူမှုဖူလုံရေးနှင့် သက်သာချောင်ချိရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပါတယ်။

 

ထို့နောက် ကောင်စစ်ဝန်ချုပ်က အကျဉ်းကျခံနေရသည့် မြန်မာအကျဉ်းသူ (၄၀)ဦး နှင့် ခရစ်ယာန်ဘာသာဝင် ထိုင်းအကျဉ်းသူ (၃၀)ဦးတို့အား တွေ့ဆုံကာ စိတ်ပိုင်းဆိုင်ရာ အားပေးစကားများပြောကြားခဲ့ပါတယ်။

 

ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ချင်းမိုင်မြို့ရှိ မြန်မာအသိုက်အဝန်းမှ ပရဟိတအသင်းတို့ပူးပေါင်း၍ ထောက်ပံ့လှူဒါန်းသော တစ်ကိုယ်ရည် အသုံးဆောင်ပစ္စည်းများနှင့် အသင့်စားအစားအစာများကို ထောက်ပံ့ပေးခြင်း၊ နေ့လယ်စာ ထမင်းဘူးများ လှူဒါန်းခြင်းနှင့် အကျဉ်းကျခံနေစဉ် မီးဖွားခဲ့သည့်မိခင်များနှင့် ကလေးများအတွက် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်း၍ ပြုပြင်ထိန်းသိမ်းရေးစခန်းမှ အကျဉ်းသူများ ပြုလုပ်ရောင်းချသော လက်မှုပစ္စည်းများကို ဝယ်ယူအားပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

#Local_News #မြန်မာကောင်စစ်ဝန်ချုပ် #အကျဉ်းကျခံနေရ #ymg_mnn #Yangon_Media_Group