#Local_News
Published 8 December 2023


ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မြို့ရှောင်လမ်းတွင် ဆီသယ်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

ဒီဇင်ဘာ ၈ ရက် နံနက် ၉နာရီ ၃၅ မိနစ် ခန့်က ပဲခူးမြို့ မဲခုန်ကျေးရွာအုပ်စု နန်းတော်ကုန်းကျေးရွာအနီး ပဲခူးမြို့ရှောင် လမ်း မိုင်တိုင်အမှတ် ၃၃/၄ တွင် ဆီသယ်ယာဉ် တစ်စီးတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ် တိမ်းမှောက်ကြောင်း သတင်းရရှိသဖြင့် ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပဲခူးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရန် အတွက် အအေးပေးခြင်းလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေးရကြောင်း သိရသည်။

 

ဒီဇင်ဘာ ၈ရက် နံနက် ၈နာရီခန့်ကလည်းမန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ မြို့ရှောင်လမ်းတွင်လည်း စက်သုံးဆီသယ်ယာဉ်တစ်စီး မီးလောင်မှုကြောင့် မီးသတ်တပ်ဖွဲ့များက မီးငြှိမ်းသတ်ခဲ့ရာ ၉နာရီ ခွဲခန့်တွင်မီးငြှိမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

#Local_News #ပဲခူးမြို့ရှောင်လမ်း #ဆီသယ်ယာဉ်တစ်စီးတိမ်းမှောက် #YMG/LW #Yangon_Times