#Local_News
Published 8 December 2023


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ မြို့ရှောင်လမ်းတွင် စက်သုံးဆီသယ်ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

 

ဒီဇင်ဘာ ၈ ရက် နံနက် ၈နာရီ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်ခရိုင်/ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂စီး ရေသယ်ယာဉ် ၄စီး စဉ့်ကိုင်မြို့နယ် မီးသတ်စခန်းမှ ရေသယ်ယာဉ် ၁စီး ၊တံတားဦးမြို့နယ်မှ ရေသယ်ယာဉ် ၁စီးတို့ဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ၉နာရီခွဲ အချိန်တွင်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် ယာဉ်တစ်စီးလုံး ပျက်စီးဆုံးရှုံးခဲ့ကာ မီးလောင်သည့် အကြောင်းရာကို သက်ဆိုင်ရာက စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

#Local_News #ကျောက်ဆည်မြို့ #စက်သုံးဆီသယ်ယာဉ်တစ်စီးမီးလောင်မှု #YMG/LW #Yangon_Times