Published 07 December 2023

ငါးရက်တာအတွင်း မြိတ်ကုန်သွယ်ရေးစခန်း မှ ကန်ဒေါ်လာတစ်သန်းကျော်ဖြင့်ကုန်သွယ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။

ထိုသို့ကုန်သွယ်မှုပြုရာတွင် မြိတ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ(၂၉)ရက်နေ့မှဒီဇင်ဘာလ(၃)ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှု ငါးကြိတ်သားတစ်တန်လျှင် (၁၈၀၇)ဒေါ်လာနှုန်းဖြင့်(၁၈)တန်၊ တန်ဖိုး(ဝ.၀၃၂) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ် ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် မြိတ်ကုန်သွယ်ရေးစခန်းမှနိုဝင်ဘာလ (၂၉)ရက်နေ့မှ ဒီဇင်ဘာလ (၃) ရက်နေ့ အတွင်း သွင်းကုန်တင်သွင်းမှုဒီဇယ်ဆီတစ်တန်လျှင်(၈၇၀) ဒေါ်လာနှုန်းဖြင့်(၉၀၀) တန် ၊ တန်ဖိုး (ဝ.၇၈၃)ဒေါ်လာသန်း၊ ဓါတ်ဆီတစ်တန်လျှင်(၉၅၃)ဒေါ်လာနှုန်းဖြင့်(၂၄၀)တန် ၊ တန်ဖိုး (ဝ.၂၂၉) ဒေါ်လာသန်း စုစုပေါင်းသွင်းကုန်တန်ဖိုး(၁.၀၁၂)ဒေါ်လာသန်း တင်သွင်းခဲ့ကြောင်းသိရသည်။

မြိတ်ဒေသ တွင် ဓာတ်ဆီတစ်လီတာ (၂၈၅၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၈၆၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၆) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း၊ မြိတ်ကုန်သွယ်ရေးစခန်းမှ တဆင့်ထိုင်းနိုင်ငံသို့ ပို့ကုန်များပို့ရာတွင်လည်း မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ် သိန်း)ရှိကြောင်း သိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်း ကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
Yangon-Times/NN
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group