Published 7 December 20023

ထိုင်းနိုင်ငံ၊ ပသမ်သနီပြည်နယ်၌ မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ကုန်တင်ကားတစ်စီးသည် ကွန်တိန်နာထရပ်ကားနှင့် တိုက်မိပြီး တိမ်းမှောက်ခဲ့‌သောကြောင့် မြန်မာအလုပ်သမား ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံရှိ သတင်းဌာနများ၏ဖော်ပြချက်အရသိရသည်။

အဆိုပါ တိမ်းမှောက်ခဲ့သည့် ကုန်တင်ကားသည် မြန်မာနိုင်ငံသား အလုပ်သမား၂၀ဦး ကို ပသမ်သနီမြို့ရှိ စင်တာတစ်ခုမှ ၄တို့နေထိုင်ရာ နေရာသို့ပို့ဆောင်ခဲ့ရာ ယင်းကုန်တင်ကားသည် ဒီဇင်ဘာလ ၇ ရက် နံနက် ၆ နာရီလခန့်က ထိန်းချုပ်မှု ပြတ်တောက်၍ကွန်တိန်နာတင်ထရပ်ကားကို ဝင်တိုက်မိပြီး လူ အများအပြား ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းအလုပ်သမားများ၏ ကြီးကြပ်ရေးမှူးတစ်ယောက်၏ ပြောကြားချက်အရသိရသည်။

ထို့ပြင် ယင်းကွန်တိန်နာကုန်တင်ယာဉ်သည် ခွန်တိုဆိပ်ကမ်းမှ အယုဒ္ဓယပြည်နယ် ဝမ်နွိုင် သို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နေခြင်းဖြစ်ကာ မြန်မာအလုပ်သမားတွေကို သယ်ဆောင်လာသည့် ကုန်တင်ယာဉ်မှ နောက်မှ လာတိုက်ပြီး တိမ်းမှောက်သွားခြင်းဖြစ်‌ကြောင်း၊ အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို စစ်ဆေးကာ တာဝန်ရှိသူများမှ သက်‌သေအထောက်အထားများအား မှတ်တမ်းတင်ခဲ့သည့်အပြင် အခင်းဖြစ်ပွားရာနေရာက မော်တော်ယာဉ်တွေကို ဖယ်ရှားဖို့အတွက် ကရိန်းယာဉ်ကို အသုံးပြုခဲ့ရကြောင်း၊ဒဏ်ရာရ မြန်မာအမျိုးသား၊ အမျိုးသမီးများကို ဆေးရုံအမြန်ဆုံး ပို့ဆောင်ပေးခဲ့‌ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရသိရသည်။
Yangon-Times/NN
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group