Published 7 December 2023

ကရင်ပြည်နယ် ဘားအံ မြို့နယ် ဖားပုကျေးရွာ ရှိ ဘုရားလေးဘေး ငါးကန်တွင် ရေဆင်းချိုးသည့် အမျိုသား တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကူဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်)ထံ က သိရသည်။

ဒီဇင်ဘာ ၆ ရက် ညနေ ၆ နာရီ ခန့် က ရေဆင်းချိုးရင်း ရေနစ် မြုပ်ခဲ့တာကြောင့် လူမူကယ်ဆယ်ရေး အဖွဲ့များ က ရှာဖွေ ကယ်ဆယ်ခဲ့ရာ ည ၉နာရီ ခန့် တွင် အဆိုပါ အမျိုးသား၏ ရုပ်အလောင်း ကို တွေ့ရှိ ခဲ့ ကြောင်း သိရသည်။

'' အမျိုးသား က အသက် ၄၀ လောက်ရှိပြီ ညနေ ၆ နာရီ လောက်မှာ ရေချိုး ဆင်းသွားတာကနေ နစ်မြုပ်သွားတယ်လို့ ကျွှန်တော်အဖွဲ့ ကို အကြောင်းကြားလို့ ၈နာရီ ခွဲ မှာ ဖြစ်စဉ် နေရာ ကို ရောက်တယ်၊၈နာရီ ၅၅ မှာ စပြီး ရှာတယ် ၉နာရီ ခွဲ လောက် မှာတော့ အမျိုးသားရဲ့ ရုပ်အလောင်း ကို ကန်အတွင်းမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်''ဟု မြန်မာနိုင်ငံ လူမှုကူဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်)ရေငုတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

ဒီဇင်ဘာ ၅ရက် တွင်လည်း ရှမ်းပြည်နယ် ကျိုင်းတုံ မြို့နယ် လွိုင်မွေ အတတ်လမ်းရှိ ငါးကန်အဟောင်း တွင် လည်း အမျိုးသား တစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့သေးကြောင်းမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထံ မှ သိရသည်။
Yangon-Times/LW
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group