Published 7 December 2023

မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ် တောင်ပြုံးကျေးရွာ အုပ်စု နန်းကြီးကျေးရွာ တွင် မီးလောင် မှုကြောင့် နေအိမ် ၁၀လုံးကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သွားရောက် ကူညီပေးသည့် လူမှု ကူညီရေး အသင်းများ ထံ က သိရသည်။

ဒီဇင်ဘာ ၇ ရက နံနက် ၁၁နာရီ ၄၀ မိနစ် ခန့် က မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အောင်မြေသာစံ မြို့နယ် မီးသတ်စခန်း၊မတ္တရာမြို့နယ် မီးသတ်စခန်းနှင့် ပုသိမ်ကြီး မြို့နယ် မီးသတ်စခန်း တို့ မှ မီးသတ်ယာဉ်များ ထွက်ခွာ ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြိမ်းသတ်ခဲ့ရာ တွင် မီးများသောကြောင့် မွန်းတည့် ၁၂နာရီ ၃၆ မိနစ် တွင် မီးထိမ်းနိုင်ခဲ့ ပြီး ၁၂နာရီ ၄၀ တွင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။

'' တောင်ပြုံး နတ်နန်း တောင်ဘက် ကပ်လျက်မှာ လောင်တာ၊မီးများတဲ့ အတွက် မီးငြိမ်းသတ်ရတဲ့ အချိန်လဲ ကြာသွားတယ်၊နေအိမ် ၁၀လုံးကျော် မီးလောင်ဆုံးရှုံးသွားတယ်''ဟု လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိတွင် မီးလောင်သည့် အကြောင်းအရာ အချက်အလက်များနှင့် ဆုံးရှုံးမှု တန်ဖိုးများ ကို သက်ဆိုင်တာဝန်ရှိသူများ က စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group