‌#Local_News
Published 6 November 2023
 
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ၄ ရပ်ကွက် ဘုရင့်နောင်တံတားအောက်တွင် ပန်းခြံတည်ဆောက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဉယျာဉ်နှင့်အားကစားကွင်းများဌာနမှ သိရသည်။

 

လက်ရှိတွင် ပန်းခြံတည်ဆောက်ရေးအတွက် မြက်ခင်းများညီညာအောင်စိုက်ပျိုးဆောက်ရွက်ခြင်းများ၊ မြေနေရာ ပြန့်ပြူးအောင်ဆောင်ရွက်ခြင်းများ၊ အလှပန်းပင်များစိုက်ပျိုးခြင်းတို့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ပန်းခြံ‌ဘေးဆိပ်ကမ်းသာလမ်းရှိ လှိုင်မြစ်အတွင်းသို့စီးဝင်သည့် ညောင်ချောင်း ရေတံခါးနှင့်ရှမ်းချောင်းရေတံခါးများ ရေစီးရေလာကောင်းမွန်ရန် စီစဉ်ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် ပန်းခြံပတ်လမ်းအား ကတ္တရာကွန်ကရိ(AC) ခင်းကျင်းရေးတို့ လုပ်ဆောင်နေကာပန်းခြံရုပ်လုံးပေါ်လာအောင် အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပန်းခြံတည်ဆောက်နေသည့် ဘုရင့်နောင်တံတား  အမှတ်၂ သည် လှိုင်မြစ်ကို ဖြတ်သန်းပြီး လှိုင်သာယာနှင့်မရမ်းကုန်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့် လေးလမ်းသွားနှင့် လူသွားလမ်းတဘက်တစ်ခြပ်စီပါသည့် တံတားဖြစ်ကာ ၂၀၁၄ခုနှစ် နိုဝင်ဘာလက တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။

 

‌#Local_News #ပန်းခြံတည်ဆောက်နေ #လှိုင်သာယာ #YMG/LW #Yangon_Times