‌#Local_News
Published 06 December 2023

တာမွေရှိရပ်ကွက်(၁၉)ခု၌ ပုံမှန်ထက် လျှပ်စစ်ဓာတ်အားယာယီပိုပြတ်တောက်မည်ဖြစ်ကြောင်း တာမွေ YESC ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဒီဇင်ဘာလ(၆)ရက် မနက် (၉:၀၇)ခန့်အချိန်တွင် 66kV သာကေတ-ပုသိမ်ညွန့်ဓာတ်အားလိုင်းအား LDC မှ အရေးပေါ်ဝန်အားထိန်းညှိ၍ ဓာတ်အားပြတ်တောက်နေပါသဖြင့် နတ်ချောင်းရပ်ကွက်၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေကြီး(ခ)၊ မလွှကုန်းဌေးကြွယ်၊ ကျားကွက်သစ်၊ ဗျိုင်းကွက်သစ်၊ နတ်မောက်၊ပျားရည်ကုန်း၊ ဗျိုင်းရွာမ၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ မြန်မာ့ဂုဏ်ရောင်၊ စက်မှုလက်မှု၊ ကျောက်ရှေ့၊ကျောက်ကြီး၊ အောင်မင်္ဂလာရပ်ကွက်၊ ကျောက်ထပ်ရပ်ကွက်၊ နတ်မောက်၊ မအူကုန်း၊ ကျားကွက်သစ်၊ ပုသိမ်ညွန့်စံပြရပ်ကွက်များ ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း အသိပေးထားသည်။

 

အခုရက်ပိုင်းအတွင်း တာမွေမြို့နယ်တွင် ပုံမှန်ထက် မီးပိုပျက်နေပြီး မနက်ပိုင်းထမင်းဟင်းချက်ရန်ပင် ခက်ခဲလျက်ရှိသည်ဟု တာမွေဒေသခံများထံမှ သိရသည်။

 

ဓာတ်အားလိုင်းပြန်‌ကောင်းပြီး မြို့နယ်ခွဲရုံများသို့ ဓာတ်အားပြန်လည်ဝင်ရောက်လာပါက အမြန်ဆုံးဓာတ်အားပြန်လည်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

 

‌#Local_News #လျှပ်စစ်ဓာတ်အားယာယီပိုပြတ် #tthl #Yangon_Times