#Local_News
Published 05 December 2023

မန္တလေးတိုင်းဒသကြီး အမရပူရမြို့နယ်၌စိတ်ကျန်းမာရေးဝေဒနာခံစားနေရသည့် အသက် ၂၀ အရွယ်အမျိုးသမီးငယ်တစ်ဦး ရေတွင်းထဲခုန်ချသေဆုံးမှု ယနေ့မနက်၌ဖြစ်ပွားခဲကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၅ ရက်)နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ဝါးတန်းမြောက်ရပ်(ဒေသအခေါ်)တွင် နေထိုင်သည့် စိတ်ကျန်းမာရေးဝေဒနာခံစားနေရသော အသက် ၂၀ အရွယ်အမျိုးသမီးငယ်တစ်ဦးသည် လမ်းလျှောက်ထွက်ရင်း ရပ်ကွက်အတွင်းရှိ ရေတွင်းထဲခုန်ချသွားခဲ့ကြောင်း သိရသည်။

 

'ကျွန်တော်တို့ဆီကို ရပ်ကွက်နေပြည်သူတစ်ဦးက ဖုန်းဆက်အကြောင်းကြား အကူအညီတောင်းခံလာတာပါ၊ ဒါ‌ ကြောင့်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေ သွားရောက်ကူညီပေးခဲ့ပါတယ်၊ ဆယ်တင်ပေးခဲ့ချိန် မှာတော့ အသက်မရှိတော့ပါဘူး၊'ဟုမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ ရုပ်အလောင်းအား မေတ္တာမြင့်မိုရ်အသင်း လူနာတင်ယာဉ်ဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

#Local_News #စိတ်ဝေဒနာရှင် #ရေတွင်းထဲခုန်ချသေဆုံးမှုဖြစ် #YMG/NN #Yangon_Times