#Local_News
Published_ 5 December 2023


လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေများ လိုက်နာရေးနှင့်ပတ်သက်၍ ဝန်ကြီး ဦးကိုကိုလှိုင်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera တို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)ဝန်ကြီး ဦးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Com-mittee of the Red Cross-ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena Ajmone Sessera ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒီဇင်ဘာ ၄ ရက်က နေပြည်တော်၌ လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

 

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရသူတွေ အပါအဝင် ထောင်ပေါင်းများစွာသော မသန်စွမ်းသူတွေနဲ့အတူလုပ်ငန်းတွေဆောင်ရွက်နေတာ နှစ်ပေါင်း ၃၀ ကျော်တိုင်ခဲ့ပြီဖြစ်တယ်လို့ ICRC က ဆိုပါတယ်။

 

လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်း ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းနဲ့ ရန်ကုန်တို့မှာရှိတဲ့ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာန ၅ ခုကို ပံ့ပိုးကူညီနေပြီး အမျိုးမျိုးသော ကိုယ်ကာယပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးတဲ့အပြင်၊ ဒီဌာနတွေက ကိုယ်အင်္ဂါမသန်စွမ်းသူတွေ လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ပါဝင်စေနိုင်ဖို့ ပြန်လည်သန်စွမ်းရေးဆိုင်ရာ အားကစားတွေကအစ အသေးစားစီးပွားရေးလုပ်ငန်းတွေ အစပြုနိုင်ဖို့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေပံ့ပိုးပေးတာအပါအဝင် အမျိုးမျိုးသော လုပ်ငန်းတွေအားဖြင့် အားပေးမြှင့်တင်လျက်ရှိတယ်လို့ ICRC မြန်မာ က သတင်းထုတ်ပြန် ထားပါတယ်။

 

#Local_News #လူသားချင်းစာနာထောက်ထားမှု #နိုင်ငံတကာဥပဒေ #ymg_mnn #Yangon_Media_Group