Published_04 December 2023

လက်နက်ကိုင်များအနေဖြင့် လက်ရှိပဋိပက္ခများကြောင့် မြေစာပင်ဖြစ်နေသည့် ပြည်သူကို ကိုယ်ချင်းစာရန်နှင့် နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် လိုမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကယနေ့ ဒီဇင်ဘာလ - ၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ ၌ပြုလုပ်သည့်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအတွင်း ပြော သည်။

ရခိုင်ပြည်နယ်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းကပင် အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး လမ်းပန်းဆက် သွယ်ရေးခက်ခဲကြောင်း၊ တပ်မတော်အစိုးရ လက်ထက်မှ ယခုတိုင်အောင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများ ကြောင့် ယခင်ကထက် များစွာပြောင်းလဲတိုးတက်လာသော်လည်း AA လက်နက်ကိုင် အဖွဲ့အစည်းက မတည်မငြိမ်ဖြစ်စေရန် လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

ရခိုင်ဒေသသည် သဘာဝ ဘေးအန္တရာယ်ကိုလည်း မကြာခဏခံစားရလျက်ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်း များ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မကြာခဏဆောင်ရွက်ပေးနေရသည့်အပြင် ဘင်္ဂါလီအရေးအခင်း ကိုလည်း ကြုံတွေ့ခဲ့ရကြောင်း နစက ဥက္ကဌ က ပြောသည်။

ယခုထပ်မံ၍ AA လက်နက် ကိုင်အဖွဲ့အနေဖြင့်မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝဒေသတို့တွင် တိုက်ပွဲများကို အစ ပြုထားသောကြောင့် ယင်းတိုက်ပွဲ ပဋိပက္ခများ၏ ဆိုးကျိုးကို ဒေသခံများကသာ ခံစားရမည်ဖြစ်သည့် အတွက် မြေစာပင်ဖြစ်နေသည့် ပြည်သူကို ကိုယ်ချင်းစာရန်နှင့် နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် လိုမည်ဟု ၎င်းက ပြောခြင်းလည်း ဖြစ်သည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှဆောင်ရွက်ပေးခဲ့သည့်လမ်း၊ တံတား၊ အဆောက်အဦးများ၊ ရှေးဟောင်း အမွေအနှစ်များသည် အဖျက်အမှောင့် လုပ်ရပ်များကြောင့် တစ်ခဏတာအတွင်း ပျက်စီးဆုံးရှုံး မှုများ ဖြစ်ပေါ်နိုင်ပြီး ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန်အတွက် များစွာအချိန်ယူဆောင်ရွက် ရမည်ဖြစ် ကြောင်းလည်း ယင်းကပြောသည်။

ကယားပြည်နယ်၊ လွိုင်ကော်ဒေသတွင် ယခင်နှစ်ကလည်း KNPP နှင့် KNDF အဖွဲ့များကြောင့် တိုက်ပွဲများဖြစ် ပွားခဲ့ပြီးအခြေအနေများ ပြန်လည် တည်ငြိမ်ခဲ့ချိန်တွင် ပြည်သူများအနေဖြင့် ထူထောင်ရေးနှင့် တည်ဆောက်ေ ရး လုပ်ငန်း များကို ၎င်းတို့၏ချွေးနည်းစာဖြင့် ဆောင်ရွက်ခဲ့ကြသော်လည်း ယခုအခါ KNPP အဖွဲ့များ ၏ အ ကြမ်းဖက်လုပ်ရပ်များကြောင့် လွိုင်ကော်မြို့ရှိ နေအိမ်အဆောက်အဦများစွာ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်ရန် အလွန်ပင် ခက်ခဲသွား ပြီဖြစ်ကြောင်းလည်း ၎င်း ပြောသည်။

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဒေသအကျိုး၊ တိုင်းပြည်အကျိုးကို ကြည့်၍ ဆောင်ရွက်ကြရန်နှင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တွင် ၎င်းတို့တောင်းဆိုနေသည့် အချက်များအားလုံးပါ ဝင်ပြီးဖြစ်သောကြောင့် ပြည်ထောင်စုကြီး လုံးဝ ပြိုကွဲ၍ရမည်မဟုတ်ကြောင်း ၎င်းကပြောသည်။

နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် စီးပွားရေးအရလည်း ထိခိုက်မှုရှိပြီး ခရီးသွားလုပ်ငန်း၌ များစွာထိခိုက်နစ်နာမှုရှိသောကြောင့် နိုင်ငံရေး အရ၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှသာလျင် ပြည်တွင်း၊ ပြည်ပခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တာဝန်ရှိသူများအနေဖြင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း နစက ဥက္ကဌက ပြောသည်။
Yangon_Times/PP
#Local_News
#YMG_News #Yangon_Times #Yangon_Media_Group