Published 4 December 2023

     ပြည်တွင်း ငရုတ်သီး ဈေးကွက် အနေထား အရ ထိုင်းနိုင်ငံနှင့်တရုတ် ဘက် မှ ၀ယ်လိုအား ရှိလာသည့် အတွက် ဈေးမြင့်ရလာနိုင်ကြောင်း ငရုတ်ကုန်သည်များ ထံ က သိရသည်။

  ပြီးခဲ့သည့် နိုဝင်ဘာ တတိယ အပတ်တွင် အရောင်းဝယ်အေးကာ ဈေးငြိမ် နေပေမယ့် ယခုဒီဇင်ဘာ လ ထဲမှာတော့ တရုတ် ဘက်မှ ငရုတ်ဝယ်ယူမှု စတင်လာကြောင်း သိရသည်။

  ငရုတ်သီးဈေးကွက်တွင် တစ်ပိဿာ ငွေကျပ် ၁၅၀၀ မှ ၃၀၀၀ ဝန်းကျင်ပေါက်ဈေး ရှိရာမှ ယခုရက်ပိုင်းတွင် ငရုတ်သီးကို တရုတ်ဘက်မှ တစ်ပိဿာငွေ ကျပ်  ၅၀၀၀ ဖြင့် ကြမ်းခင်းဈေး ဖွင့် ဝယ်ယူနေကြောင်း သိရသည်။

'' ထိုင်းဘက်မှာ ငရုတ်ရာသီ ကုန်တော့မယ်ဆိုတော့ လိုအပ် ချက်ရှိလာပြီ၊ တရုတ်ဘက်ကလည်း ဝယ်နေပြီဆိုတော့ မြန်မာငရုတ် ကို ဈေးကောင်းရလာနိုင်တယ်။ တရုတ် ကိုတော့မန္တလေး-ကျိုင်းတုံ-မိုင်းလား လမ်းပိုင်းကနေ သွားတာပါ''ဟု မကွေးမှ ငရုတ်ကုန်သည်တစ်ဦးကပြောသည်။

    ပြည်တွင်း၌ ငရုတ်စိုက်ပျိုး မှု ကို စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ဧရာဝတီတိုင်းနှင့်ရှမ်းပြည်နယ်ဒေသအသီးသီး တို့တွင်  စိုက်ပျိုးသူများပြားလာပြီး ၊ဧရာဝတီတိုင်းဒေသ ကြီးမှ လာမည့်ဖေဖော်ဝါရီလ  တွင် လှိုင်လှိုင်ထွက်ပေါ် လာမည် ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#YMG_News #Yangon_Times #Yangon_Media_Group