Published 04 December 2023

ယခုတစ်ပတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ကျပ် ၄၉၂၀သတ်မှတ် ထားကြောင်း စားသုံးသူရေးရာဦးစီးဌာနမှသိရသည်။

ပြီးခဲ့သည့်အပတ်က စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ကျပ် ၅၀၀၀ပေါက် ခဲ့ပြီး ယခု ဒီဇင်ဘာလ၄ရက်မှ၁၀ရက်အထိ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာကျပ် ၄၉၂၀ဖြင့် ရောင်းချရမည်ဟုဆိုသည်။

တိုင်းနှင့်ပြည်နယ်အသီးသီးကို ယနေ့ဒီဇင်ဘာလ၄ရက်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ ၏စီစဉ်မှုဖြင့် ဆီကုမ္ပဏီများမှ လက်ကားရည်ညွှန်းဈေး ကျပ်၄၉၂၀ဖြင့် စားအုန်းဆီပေပါ၅၅၃၀ကို ရောင်းချပေး ထားပြီး သယ်ယူပို့ဆောင်စရိတ်နှင့်အမြတ်၂ရာခိုင်နှုန်းသာတင်ပြီးရောင်းချရန်လမ်းညွှန်ထားသည်ဟုဆိုသည်။

ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group