Published 3 December 2023
 
တရားဝင် အထောက်အထားမပြနိုင်ဘဲ ဝင်ရောက် လာသည့် စားအုန်းဆီဗူးကြီး ဗူးငယ်(၃၄၀၀)ကျော်အပါအဝင်တရားမဝင်ကုန်ပစ္စည်းများဖမ်းဆီးရမိခဲ့ကြောင်းတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
 
မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ္တရာ-မန္တလေးကားလမ်း၊ ရွှေကျင်တိုးဂိတ်အနီး၊ မိဘမေတ္တာကုန်စုံဆိုင်၌ တရားဝင် စာရွက်စာတမ်း  အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ပုစွန်တစ်ကောင် စားအုန်းဆီ (၁၈)လီတာပါ ပုံး(၁၃၀၀)၊ ပုစွန်နှစ်ကောင် စားအုန်းဆီ (၅)လီတာပါ ဘူး(၂၀၀)၊ ပုစွန်နှစ်ကောင် စားအုန်းဆီ (၁)လီတာပါ ဘူး(၁၉၂၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈,၄၄၀,၀၀၀)၊ Lactasoy ပဲနို့ ဘူး(၇၂၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၂၄,၀၀၀)၊ Lipovitan-D အားဖြည့်အချိုရည် ပုလင်း (၂၀၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)၊ Quick ‌ခေါက်ဆွဲခြောက်ထုပ်(၂၈၈၀)နှင့် Malee Fruit Juice အချိုရည်ဘူး(၄၈၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၄၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉,၇၀၄,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
 
ယင်းစားအုန်းဆီများအပြင် တရားမဝင်ကျွန်းသစ် ၊လူသုံးကုန်ပစ္စည်း၊စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းနှင့်မော်တော်ယာဉ်များကို ဒေသအသီးသီးမှ ဖမ်းဆီးရမိခဲ့ပြီး တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟုဆိုသည်။
 
ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၇)မှုရှိပြီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၀,၈၉၇,၂၀၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
Yangon _Times/tthl
#Local_News
#Published 03 December 2023 
#YMG_News #Yangon_Times #Yangon_Media_Group